ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပြန်လည်စတင်လာခဲ့တာ အခုဆိုရင် Blind Audition သုံးပတ်မြောက်အထိရောက်လာပြီဖြစ်ပါတယ်။ မနေ့ညက ပြိုင်ပွဲမှာတော့ ပရိသတ်တွေရော ဒိုင်တွေပါ လုံးဝအံ့အားသင့်စေမယ့် ဖျော်ဖြေမှုတစ်ခုပါဝင်ခဲ့ပါတယ်။
သုံးပတ်မြောက် Blind Audition မှာတော့ ပရိသတ်တွေနဲ့ ဒိုင်တွေကို ကြိုတင်အကြောင်းမကြားထားတဲ့ဖျော်ဖြေမှုတစ်ခုအနေနဲ့ တေးသံရှင်ယုဇနက သီဆိုဖျော်ဖြေခဲ့ပါတယ်။ သီဆိုဖျော်ဖြေမှုမဟုတ်ဘဲ ပြိုင်ပွဲဝင်တစ်ယောက်လို့ အထင်ခံရအောင် Surprise လုပ်နိုင်ခဲ့တဲ့အပြင် ယုဇနနဲ့ Acid အဖွဲ့တို့ရဲ့ အောင်မြင်ခဲ့ဆုံးသီချင်းလေးတစ်ပုဒ်ကိုသီဆိုရင်း ပရိသတ်ကြီးကိုလည်း အတိတ်ကသီချင်းလေးကို ပြန်လည်ခံစားစေခဲ့ပါတယ်။
ယုဇနကတော့ နှစ်အနည်းငယ်လောက်ပရိသတ်ရှေ့က ပျောက်သွားခဲ့ပေမယ့် အခုချိန်မှာဆိုရင်တော့ သီချင်းတွေပြန်လည်သီဆိုနေပြီဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကိုယ်ပိုင်သီချင်းအသစ်တစ်ပုဒ်ထွက်ထားသလို ခင်ဘုဏ်း၊ ရှင်ဖုန်းတို့နဲ့အတူ အဖွဲ့လိုက်သီချင်းလေးလည်း ထွက်ရှိထားပါသေးတယ် ပရိသတ်ကြီးရေ.. ဝါရင့်အဆိုတော်ပီသစွာ The Voice Myanmar ပွဲကြီးတစ်ခုလုံးကို အသံတွေညံသွားစေခဲ့တဲ့ ယုဇနရဲ့ဖျော်ဖြေတင်ဆက်မှုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source – THe Voice Myanmar
Rainbow- Cele Gabar