မှော်ဘီက မိဘမဲ့ဂေဟာတစ်ခုမှာ လိုအပ်တာတွေသွားလှူပေးခဲ့တဲ့ ဖြူဖြူထွေး

Posted on

ဖြူဖြူထွေးကတော့ ရိုးသားဖြူစင်တဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူတစ်ယောက်ပါ။ အနားမှာရှိတဲ့သူတိုင်းကို အပျော်တွေကူးစက်စေနိုင်အောင် လုပ်ပေးတတ်တဲ့ ဟာသဉာဏ်ရွှင်သူတစ်ယောက်ဖြစ်တဲ့အပြင် မွန်မြတ်တဲ့စိတ်ထားလေးနဲ့ အများကို ကူညီလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကတော့ လတ်တလောမှာကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရတဲ့အပြင် သူ့ရဲ့ကြော်ငြာလေးတွေမှာလည်း ခက်ခဲနေတဲ့ဇာတ်ပို့ဇာတ်ရံတချို့ကိုပါ ကူညီတဲ့အနေနဲ့ ပါဝင်သရုပ်ဆောင်ခိုင်းလေ့ရှိသူပါ။ အောင်မြင်လာတဲ့အချိန်မှာလည်း ကိုယ့်တစ်ဘို့တည်း မကြည့်ဘဲ အများကိုပါလက်တွဲခေါ်ယူတဲ့အပြင် အလှူအတန်းလည်း မကြာခဏလုပ်လေ့ရှိသူ ဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း မှော်ဘီမှာရှိတဲ့မိဘမဲ့ကလေးကျောင်းတစ်ခုမှာ လိုအပ်တဲ့ ဆန်၊ဆီ၊မုန့်တွေနဲ့ ကလေးတွေအတွက် မုန့်ဖိုးပိုက်ဆံအချို့ကိုပါ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဖြူဖြူထွေးကတော့ သူ့ရဲ့ပုံစံအတိုင်းပဲ အလှူအတန်းလုပ်ရင်းတောင် အလှူခံတွေပျော်ရွှင်ရအောင် စနောက်ရင်း ပျော်စရာတွေ ဝေမျှပေးခဲ့ပါတယ်။ အနားမှာရှိတဲ့သူတိုင်း စိတ်ချမ်းသာပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တဲ့ ဖြူဖြူထွေးရဲ့အလှူဗွီဒီယိုလေးကတော့ ကြည့်ရှုသူတွေကိုပါ ကြည်ကြည်နူးနူးပြုံးမိစေမှာ အမှန်ပါပဲပရိသတ်ကြီးရေ.. ဖြူဖြူထွေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ အလှူဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar