သဒ္ဓါပေါက်တိုင်း လှူဒါန်းလို့ရအောင် ကားပေါ်မှာ ပစ္စည်းတွေအမြဲမပြတ်တင်ထားတယ်ဆိုတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ အလှူအတန်းရက်ရောလွန်းသူတစ်ယောက်မို့ နိုင်ငံတော်ကချီးမြင့်တဲ့ သုဓမ္မမဏိဇောတဓရဘွဲ့ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အလှူကြီးအတန်းကြီး အမြဲလုပ်လေ့ရှိသလို အပတ်စဉ်အလှူ၊ လစဉ်အလှူတွေအပြင် ဒီတစ်ခေါက်မှာတော့ သူ့ရဲ့အလှူလုပ်ပုံထဲက လူတွေသိပ်ပြီးသတိမထားမိတဲ့ အရာလေးကို မျှဝေခဲ့ပါတယ်။

အဲ့ဒါလေးကတော့ သူ့ရဲ့ကားပေါ်မှာ လှူဖွယ်ပစ္စည်းဆန်၊ဆီ၊ဆား၊သင်္ကန်း၊ငါးသေတ္တာ၊ကုလားပဲ၊အလှူငွေလေးတွေကို သူဘယ်သွားသွား သူနဲ့ အမြဲပါအောင် ကားနောက်ခန်းထဲမှာ အမြဲမပြတ်ဆောင်ထားလေ့ရှိပါတယ်တဲ့။ တွေ့တဲ့နေရာ တွေ့တဲ့အချိန်မှာအယုတ်အမြတ်မရွေး သဒ္ဓါပေါက်ရင် လှူဒါန်းနိင်ဖို့အတွက်အမြဲကားပေါ်ဆောင်ထားတဲ့ပံ့သကူအလှူလေးဖြစ်သလို တခါတခါတောကျောင်းလေးတွေလှည့်ရှာပြီးတနေကုန်ကားနဲ့ပတ်ပြီးလှူခဲ့တာတွေလည်းအများကြီးပါတဲ့။

သူကတော့ အလှူတွေကို ဒီလိုပုံစံလေးနဲ့ လှူဒါန်းလာခဲ့တာကြာပြီဖြစ်ပြီး အရမ်းချမ်းသာလို့မဟုတ်ပေမယ့် အမြဲတမ်းလှူဒါန်းတဲ့လက်တစ်စုံသာဖြစ်ချင်တဲ့စိတ်လေးတစ်ခုကြောင့် အခုလိုနေ့တိုင်းနီးပါး အလှူဒါနပြုနေတာပါ။ အခုလိုလှူဒါန်းနိုင်ဖို့ သူ့ကိုအားပေးကြတဲ့ Customer တွေကိုလည်း သူ့ရဲ့အလှူလေးတွေကို ထပ်တူကုသိုလ်ရနိုင်ဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။


Source – Myo MInn Soe
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x