ရဲရဲတောက်အနီရောင်ဝတ်စုံနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ စမိုင်းလ်

Posted on

ပရိသတ်ရဲ့အချစ်တော်စမိုင်းလ်ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားသလို မိန်းကလေးတိုင်းအားကျနေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာကို ရဲရဲဝင့်ဝင့်ရပ်တည်လေ့ရှိတဲ့စမိုင်းလ်ကတော့ ဒီနေ့မှာ ရဲရဲတောက်နီနေတဲ့ဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ပုံရိပ်တချို့ကို မျှဝေပေးခဲ့ပါတယ်။

ဒီနေ့လေးကတော့ လာမယ့်(၂၀၂၀) ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးရေးစလုပ်လို့ရတဲ့နေ့လေးဖြစ်တာကြောင့် လူတိုင်းနီးပါး ကိုယ်ယုံကြည်ရာပါတီရဲ့အရောင်ဆင်တူ အင်္ကျီလေးတွေဝတ်တာ၊ ပါတီအမှတ်တံဆိပ်နဲ့ Facebook Profile ပုံပြောင်းတာလေးတွေ လုပ်ကြတာကို တွေ့မြင်ရမှာဖြစ်ပြီး စမိုင်းလ်ကတော့ ဒီနေ့မနက် သူရဲ့နေအိမ်မှာ NLD အောင်နိုင်ရေးအလံချိတ်ဆွဲခဲ့ပါတယ်။

ဒါ့အပြင် အင်္ကျီအနီ၊ နှုတ်ခမ်းနီအနီ၊ ဖိနပ်အနီ၊ ကားအနီနဲ့ ရဲရဲတောက်နီနေအောင် ဆွဲဆောင်မှုရှိရှိလှနေတဲ့ပုံရိပ်တွေနဲ့အတူ ” အရောင်ထဲမှာကိုယ်အကြိုက်ဆုံးအရောင်ကအနီရောင်ပဲ အမြဲလိုလိုဝတ်ဖြစ်တယ် နောင်လည်းအမြဲဆက်ဝတ်နေအုန်းမယ့်အရောင်” လို့ရေးသားပြီး မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… သမီးလေးနှစ်ယောက်အမေဖြစ်ပေမယ့် အပျိုတွေရှုံးလောက်အောင် လှရက်နိုင်လွန်းတဲ့ စမိုင်းလ်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – စမိုင်းလ် Smile
Rainbow- Cele Gabar