ပိုသူလှူ လိုသူကူ အစီအစဉ်အတွက် သိန်း(၃၀) လှူဒါန်းပေးခဲ့တဲ့ ဖိုးချစ်

Posted on

မြို့ရွှေမန်းသားလေးဖိုးချစ်ကတော့ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် မြန်မာ့သဘင်ရဲ့ ဥက္ကဌပီပီ သဘင်လောကသားတွေရဲ့ အခက်အခဲကို တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေသူပါ။ ကိုဗစ်ကာလစတင်ကတည်းက ပိုသူလှူ လိုသူကူ အစီအစဉ်လေးကို သူကိုယ်တိုင်သိန်းရာချီထည့်ဝင်ကာ စတင်ခဲ့ပြီး ခက်ခဲနေတဲ့လောကသားတွေကို ထောက်ပံ့ခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်အထိ ပွဲတွေပြန်ကလို့ မရသေးတာကြောင့် စားသောက်ကုန်တွေရောင်းကာ ရံပုံငွေရှာခဲ့သလို ဒီနေ့မှာတော့ သူလုပ်နေတဲ့ ဖိုးချစ်သဘင်အစီအစဉ်လေးက ပထမဆုံးရရှိခဲ့တဲ့ ငွေတွေကို လှူဒါန်းပေးခဲ့ပြန်ပါတယ်။ ဖိုးချစ်သဘင်ကို Member ဝင်ပြီးကြည့်ရှုဖို့ သုံးလစာကိုမှ (၇၇၇၇)ကျပ်သာ ကျသင့်မှာဖြစ်တာကြောင့် ဖိုးချစ်ရဲ့သဘင်အစီအစဉ်လေးကို Member ဝင်သူအများအပြားရှိခဲ့ပါတယ်။

ဒီနေ့မှာတော့ ဖိုးချစ်သဘင်အားပေးသူကြောင့် ရလာတဲ့ငွေထဲက သိန်း(၃၀) တိတိကို ပိုသူလှူ လိုသူကူ အစီအစဉ်အတွက် လှူဒါန်းပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီအလှူလေးကတော့ ဖိုးချစ်သဘင်ကို Member ဝင်ပြီး အားပေးကြတဲ့မိသားစုတွေရဲ့အလှူလေးပါပဲလို့ ဖိုးချစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။


Source – Phoe Chit

Rainbow- Cele Gabar