မြွေဆိုတဲ့သတ္တဝါကတော့ အဆိပ်ပြင်းသလို ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတချို့နဲ့လည်း လူတိုင်းရဲ့ရင်ထဲမှာ ကိန်းအာင်းနေတဲ့သတ္တဝါပါ။ လူတော်တော်များများကတော့ မြွေဆိုရင် အသံကြားရုံနဲ့လန့်တတ်ကြပေမယ့် ပဌာန်းဆက်ပါသူတချို့ကတော့ မြွေတွေကို ချစ်တတ်ကြသလို မမြင်နိုင်တဲ့အရာတွေနဲ့လည်း ဆက်သွယ်နိုင်ကြပါတယ်။
နိုင်ငံအချို့မှာတော့ မြွေတွေကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ပါ မွေးလေ့ရှိကြပြီး မြွေတွေကို ကိုယ့်ဆွေမျိုးသားချင်းလို သဘောထားပြီးစောင့်ရှောက်တတ်သူတွေလည်း အများအပြားပါ။ ဒီလိုအသည်းယားစရာကောင်းတဲ့မြွေတွေကို ချစ်တဲ့သူတွေက တစ်ရာမှာတစ်ယောက် ရှားတယ်လို့ဆိုလို့ရပေမယ့် သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်ဖြစ်သူ ခွန်းဆင့်နေခြည်ကတော့ မြွေတွေကို အရမ်းချစ်တဲ့အကြောင်းကို ပုံလေးတွေနဲ့မျှဝေခဲ့ပါတယ်။
အသည်းယားစရာကောင်းလောက်အောင် အရောင်အသွေးစုံပြီး ကြီးမားတဲ့မြွေအမျိုးမျိုးနဲ့ ရိုက်ကူးထားတဲ့ ခွန်းဆင့်နေခြည်ရဲ့ပုံတွေကတော့ ပရိသတ်တွေကြီးကို အံ့အားသင့်စေမှာအမှန်ပါပဲ။ ခွန်းဆင့်နေခြည်ကတော့ မြွေတွေကသူသိပ်ချစ်တဲ့ထဲမှာ ပါသလို ပရိသတ်ကြီးထဲမှာရော မြွေချစ်တဲ့သူတွေရှိလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
Source – Khun Sint Nay Chi
Rainbow- Cele Gabar