အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အကြွေကြီးကြွေနေကြတဲ့ မင်းသမီးချောလေးပါ ။ လတ်တလောမှာတော့ ရုပ်ရှင်ရိုက်ကူးရေးထက် သူမကိုယ်ပိုင်ထုတ်လုပ်ရေးအတွက် ပိုမိုအားစိုက်နေတာ ပရိသတ်တွေအမြင်ပါပဲ ။
ရိုက်ကူးရေးတွေ ခေတ္တရပ်နားထားပေမယ့် သူမချစ်တဲ့ ပရိသတ်တွေနဲ့အဆက်မပြတ်အောင်တော့ သူမရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပရိသတ်တွေကို မကြာခဏ မျှဝေပေးလေ့ရှိပါသေးတယ် ။ လက်ရှိမှာတော့ Peter Studio ရဲ့ Latest Burmese Setting နဲ့ ထာဝရဝိန့် စိန် မှ လှပဆန်းပြားတဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်ရိုက်ကူးထားတဲ့ သူမရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ နန်းဆန်ပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတွေရှိတဲ့ မိုးရဲ့ အလှပေါ် ထာဝရဝိန့်စိန် က အမိုက်စား စိန်ရွှေရတနာတွေ ထပ်ဆင့်ဆင်မြန်းပေးလိုက်တဲ့အခါမှာတော့ အသက်ရှူမှားလောက်အောင် အလှပေါ်အယဉ်ဆင့်ပြီး ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ ။
ပရိသတ်တွေကတော့ မိုးဟေကို ရဲ့ နန်းဆန်ပြီး လှပလွန်းတဲ့ ပုံရိပ်တွေကို အရမ်းတော်တဲ့ ဓာတ်ပုံဆရာ ပီတာနဲ့ အရမ်းလှတဲ့မိုးတို့ရဲ့ ပေါင်းစပ်မှုက အံ့မခန်းပါပဲ ဆိုတဲ့မှတ်ချက်တွေပေးထားကြပါတယ် ။ မိုးဟေကို ကိုချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း အသက်ရှူမှားသွားလောက်တဲ့ မိုးရဲ့ အလှတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Moe Hay Ko
Emily (Cele Gabar)