ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဂျူးဂျူးကေကတော့ လတ်တလောမှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကုသိုလ်ထူးတစ်ခုကို လှူဒါန်းပြုလုပ်ခွင့်ရတဲ့ အကြောင်းကို မျှဝေဖော်ပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ မန္တလေးမြို့ရဲ့ အထက်ကရဘုရားကြီးဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးကို ညရုံတော်သင်္ကန်းကပ်လှူခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။
မနေ့က ဇွန်လ (၂၅)ရက်နေ့ကစပြီး (၂၀၂၀)ခုနှစ်အတွက် (၁)လကို (၁)ကြိမ် နဲ့ တစ်နှစ်စာ(၁၂)ကြိမ်ကပ်လှူခွင့်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာလည်း မွေးနေ့တိုင်း (ရာသက်ပန်)ညရုံသင်္ကန်း ကပ်လှူခွင့်ကုသိုလ်ထူးကို ဂျူးဂျူးကေက ပြုလုပ်လှူဒါန်းခွင့်ရရှိထားပါသေးတယ်။အခုလို ကုသိုလ်ထူးတွေပြုလုပ်ခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ ဆရာမကြီးကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောထားပါသေးတယ်။
ဂျူးဂျူးကေကတော့အခုလို မဟာမြတ်မုနိဘုရားကြီးကို ညရုံသင်္ကန်းကပ်လှူရတဲ့ ကုသိုလ်ထူးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုလို့ရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဂျူးဂျူးကေရဲ့အလှူလေးကို သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။
Chilli – CeleGabar
Source – Ju Jue K