ပရိသတ်ကြီးရေ ပရဟိတ ဖခင်ကြီးလို့တင်စားရလောက်အောင် လူတိုင်းလေးစားချစ်ခင်ရတဲ့ နိုင်ငံကျော် မင်းသားကြီး ဦးကျော်သူကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ ဦးကျော်သူနာရေးကူညီမှုအသင်းရဲ့ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်နေတဲ့ သူတစ်ယောက်ပါ ။ ဒီနေ့ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေအားလုံး ကိုယ်ယုံကြည်ရာပါတီကို အားပေးခဲ့ကြပြီး အနုပညာရှင်တော်တော်များများကတော့ NLD ပါတီကို အားပေးထောက်ခံနေကြတာတွေ့ရပါတယ် ။
NLD ပါတီကို ထောက်ခံအားပေးသူတွေ ထဲမှာ ပရဟိတ မင်းသားကြီး ဦးကျော်သူလည်း အပါဝင်ဖြစ်ပြီး ဟိုးအရင်တုန်းက အမေစုနဲ့ တွေ့ဖြစ်ပေမယ့် နောက် NLD အနိုင်ရပြီးအချိန်ကစပြီး အမေစု နဲ့အတွေ့ကျဲ လာသလို အခုဆိုရင် လုံးဝကို မတွေ့ဖြစ်တော့ဘူးလို့ဆိုလာပါတယ် ။ ဒါပေမယ့်… “မျက်လုံးချင်းဘယ်လောက် ဝေးဝေး… နှလုံးသားချင်းက တစ်ထပ်တည်းပါ” အမေ။ ဆိုတဲ့စာသားလေးနဲ့အတူ အမေစုပုံနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။
ဦးကျော်သူကို လေးစားချစ်ခင်ကြတဲ့ ပရိသတ်ကြီးကလည်း NLD ကိုထောက်ခံအားပေး ကြကြောင်း ဝေေ၀ဆာဆာမှတ်ချက်တွေ ရေးသားထားကြတာလည်းတွေ့ရပါတယယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးထဲမှာရော ဦးကျော်သူလို အမေနဲ့နှလုံးသားချင်းထပ်တူကျတဲ့သူတွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : Kyaw Thu
Emily (Cele Gabar)