မွေးနေ့လေးမှာ တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ သရုပ်ဆောင်အမေတချို့နဲ့ ရုပ်ရှင်အစည်းအရုံးကို လှူဒါန်းမှုတွေလုပ်ခဲ့တဲ့ မိုးဟေကို

Posted on

သရုပ်ဆောင်မိုးဟေကိုကတော့ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်ထားသလို စိတ်ထားလှပတဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေသိကြမှာပါ။ မိဘတွေကို ဂရုတစိုက်နဲ့အချိန်ပေးတဲ့စိတ်နေသဘောထားလေးကြောင့် လေးစားရသလို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းတတ်တာကလည်း လေးစားစရာပါ။


အခုဆိုရင် သူ့ရဲ့မွေးနေ့လေးမှာ မွန်မြတ်တဲ့အလှူတွေကိုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင်ပရိသတ်တွေရဲ့အချစ်တွေနဲ့မိဘတွေရဲ့မေတ္တာတွေကြောင့် မွေးနေ့လေးပိုမိုပြည့်စုံသွားရတဲ့အကြောင်းကို “မေတ္တာဆိုတာ အမြဲရောင်ပြန်ဟပ်လေ့ရှိသတဲ့…… မိုးမွေးနေ့မှာ မိုးချစ်ရတဲ့Fan တစ်ဦးတစ်ယောက်စီက ပေးတဲ့ဆုတောင်းမေတ္တာတွေကို မိုးရရှိသလို၊ မိုးဘဝရဲ့ ပဲ့ကိုင်ရှင်မိဘနှစ်ပါးရဲ့ ဆုတောင်းမေတ္တာတွေကိုပါ ရရှိခဲ့တဲ့ မိုးအတွက်တော့ အရမ်းကိုပြီးပြည့်စုံတဲ့ မွေးနေ့ရက်မြတ်လေးပါ…..”ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုသာမက ရုပ်ရှင်လောကရဲ့အသက်အရွယ်ကြီးသူတွေကိုပါအလှူတွေပြုလုပ်ခဲ့တဲ့အကြောင်းကို “မိုးဘက်ကလည်း မိုးတတ်စွမ်းတဲ့အင်အားနဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်အမေတချို့နဲ့ အသက်အရွယ်ကြီးမှ နာမကျန်းဖြစ်နေတဲ့သားသမီးကိုပင်ပန်းစွာရှာဖွေကျွေးမွေးနေရတဲ့ အမေဒေါ်အမာကြည်အတွက် မေတ္တာတရားရှေ့ထားပြီး လှူဒါန်းခဲ့တဲ့ဒါနအကျိုးကို မိုးအပေါ်မေတ္တာထားကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်း မိုးနဲ့ထပ်တူ ကြည်နူးပီတိမှုအပေါင်းနဲ့ ပို့သတဲ့မေတ္တာတွေရရှိကြပါစေ ဆန္ဒပြုလျက်” ဆိုပြီးတော့ ရေးသားခဲ့ပြီး ကိုယ်တိုင်လှူဒါန်းခဲ့တဲ့ဗီဒီယိုတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ပရိသတ်အချစ်တော်မိုးဟေကိုကတော့ မွေးနေ့မှာအလှူအတန်းတွေပြုကာ အကျိုးရှိအောင်လုပ်ခဲ့ပြီး လေးစားထိုက်သူတွေကိုဂါရဝတရားရှိတာကြောင့် တကယ့်ကိုစံပြုထိုက်တဲ့ စိတ်ထားလေးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါပဲ။ မွေးနေ့မှစပြီး များစွာသောအောင်မြင်ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်နိုင်ပါစေ…
Source:MoeHayKo