မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်တွေဆီက လက်ဆောင်တွေအများကြီးရခဲ့တဲ့ ကျော်ထက်ဇော်

Posted on

လွန်ခဲ့တဲ့ရက်ပိုင်းကမှ အသက်(၂၇) နှစ်ပြည့်ခဲ့တဲ့ကျော်ထက်ဇော်ကတော့ သူ့ရဲ့မွေးနေ့မှာ ရရှိထားတဲ့ပရိသတ်တွေချစ်ခြင်းမေတ္တာအပြည့်နဲ့အေးခဲ့တဲ့လက်ဆောင်လေးတွေကို မျှဝေခဲ့ပါတယ်။ နာမည်ကြီးဝါရင့်အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် မြန်မာတစ်နိုင်ငံလုံးနီးပါးက ပရိသတ်တွေရဲ့ဂရုစိုက်အားပေးခြင်းကို ရရှိထားတဲ့ ကျော်ထက်ဇော်ရဲ့စန်းကတော့ တကယ်ကို အားကျစရာပါ။

သူ့ရဲ့မွေးနေ့မှာ ကိုယ်တိုင်လည်း နေရာတွေအများကြီးကို လှူခဲ့သလို ပြန်အကျိုးပေးတဲ့အနေနဲ့ ပရိသတ်တွေဆီ ချစ်ခြင်းမေတ္တာတွေလည်း အများကြီးရရှိခဲ့ပါတယ်။ မွေးနေ့ကိတ်တွေသာမက ရွှေဆွဲကြိုး၊လက်စွပ်၊ ပီချူးလက်ပတ်၊ရင်ထိုး၊ စိန်နားကပ်၊ ပလက်တီနမ်ဆွဲကြိုး၊ ကြာပုဆိုးတွေအပြင် ကိုယ့်အတွက် ကုသိုလ်ပြုပြီး လှူဒါန်းပေးထားတဲ့ အမာခံပရိသတ်တွေရဲ့ဂုဏ်ပြုမှတ်တမ်းလေးကိုလည်း ရရှိခဲ့ပါတယ်။

ကျော်ထက်ဇော်ကတော့ အခုလို သူ့ရဲ့မွေးနေ့မှာဆုတောင်းပေးခဲ့ရုံမက အခုလိုခက်ခဲနေတဲ့အချိန်မှာတောင် လက်ဆောင်တွေကို လက်ထဲမရောက် ရောက်အောင်ပို့ပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် မွေးနေ့လေးမှာအရမ်းပျော်ခဲ့ရကြောင်းနဲ့ အခုလိုမျှော်လင့်ချက်မထားတဲ့ အဖြူရောင်မေတ္တာတွေကို အနှိုင်းမဲ့တန်ဖိုးထားပါကြောင်း ရေးသားမျှဝေခဲ့ပါတယ်။


Source -Kyaw Htet Zaw
Rainbow- Cele Gabar