ယွန်းယွန်းရဲ့ Surprise ကြောင့် မျက်ရည်ကျတဲ့ထိ ပျော်ရွှင်ခဲ့ရတဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချောလေး နှစ်ယောက်ဖြစ်တဲ့ သဇင်ထူးမြင့်နဲ့ ယွန်းယွန်းတို့ တစ်ယောက်ကို တစ်ယောက် Surprise တွေတိုက်ရင်း ပျော်ရွှင်ခဲ့ရတဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ သဇင်ထူးမြင့်တစ်ယောက် Feel နေတယ်လို့ဘယ်သူ့ကိုမှမပြောမိဘဲ နဲ့ အားတဲ့ရက်လေးမို့နားနေတုန်း -ဟိုတယ်ဝန်ထမ်းတစ်ယောက်က မာလာရှမ်းကောဆိုပြီး ရန်ကုန်က ပို့လိုက်တာ ဆိုတဲ့ စာသားလေးကို သူမရဲ့ မိုင်ဒေးမှာရေးသားခဲ့တာပါ ။

နောက်မှ ရန်ကုန်ကနေ ယွန်းယွန်းက အခန်းထဲမှာအောင်းနေရတဲ့ သူမအတွက် ပို့ပေးလိုက်တာဖြစ်ကြောင်း သိပြီး မျက်ရည်တွေပါ ကျလာတဲ့ထိ နွေးထွေးမှုမျိုး ရတဲ့အပြင် အလိုက်တသိနဲ့ အဝေးကနေ လှမ်းဂရုစိုက်ပေးလို့ချစ်တယ်လို့ မိုင်ဒေးမှာ ပြန်လည်ရေးသားခဲ့ပါတယ် ။ ခုထိပျော်လွန်းလို့ ခုန်ပေါက်နေတုန်း တစ်ယောက်တည်း ပင်ပန်းနေတဲ့ချိန်မှာ ရလိုက်တာ အရမ်းတန်ဖိုးရှိတယ်….စပရိုက်တိုက်တာတဲ့ ငါ့သူငယ်ချင်းလေး အရမ်းချစ်တယ်နော် မပြောဘဲ ရတဲ့ ဂရုစိုက်မှုတွေက အားရှိသွားပြီ ငါ့တွက်တော့ ဒီလိုရိုတတ်တဲ့ကောင်မလေးနဲ့ best friend ဖြစ်ခွင့်ရတာကံကောင်းခြင်းပဲ လို့လည်း သူမရဲ့ဖေ့ဘုတ်စ် စာမျက်နှာထက်မှာရေးသားခဲ့ပါသေးတယ် ။

ယွန်းယွန်းကတော့ ရိုတာက သူမရဲ့အားနည်းချက်ပါလို့ စနောက်မှတ်ချက်ပေးထားပြီး သဇင်ထူးမြင့်ကတော့ သဲငယ်လေးရိုတတ်တာ ယုံပါပြီလို့ ပြန်လည်မှတ်ချက်ပေးစ နောက်နေကြတာတွေ့ရပါတယ် ။ တစ်ယောက်ကို တစ်ယောက် ချစ်ပြီး ဂရုစိုက်တတ် သူငယ်ချင်းကောင်းတွေရထားတဲ့ သဇင်ထူးမြင့်ကတော့ အရမ်းကိုပျော်နေပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

Source : Thazin Htoo Myint
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x