စိတ်မြန်လက်မြန်လုပ်တတ်တဲ့အကျင့်ကြောင့် ရောဂါတစ်ခုကနေ နှစ်ခုတိုးခဲ့ကြောင်းပြောလာတဲ့ မိုင်းမိုင်ဆိုင်း

Posted on

ပရိသတ်ရဲ့အချစ်တော်မိုင်းမိုင်ဆိုင်းကတော့ အမြဲတက်ကြွပျော်ရွှင်နေတတ်သူတစ်ယောက်ဖြစ်ပေမယ့် လတ်တလောနေမကောင်းလို့ အိပ်ရာထဲလှဲနေရပါတယ်။ စိတ်မြန်လက်မြန် လုပ်လေ့ရှိတဲ့အကျင့်ကြောင့် လေးဖက်နာဖြစ်တာကနေ အစာအိမ် ပါပြန်ထိသွားတဲ့အကြောင်း မျှဝေလာပါတယ်။

လေးဖက်နာဖြစ်တော့ ခြေထောက်တွေကိုက်ပြီး ကောင်းကောင်း မရပ်နိုင်၊မလျှောက်နိုင်တာကို အိပ်ရာထဲလည်း လှဲမနေချင်သူတစ်ယောက်မို့ စိတ်မြန်လက်မြန်သမားပီပီ မြန်မြန်သက်သာအောင် ဆရာဝန်ပေးတဲ့ လေးဖက်နာဆေးရယ် အကိုက်အခဲပျောက်ဆေးရယ်ကို လိုအပ်တာထက် ပိုသောက်ခဲ့ပါတယ်တဲ့။ ဝမ်လည်းးချုပ်နေတာနဲ့ ဝမ်းနှုတ်ဆေးကို (၂) ထုတ်သောက်ခဲ့တဲ့အကြောင်းပြောပြခဲ့ပြီး အကျိုးရလဒ်ကတော့ အစာအိမ် ပါပြန်ထိသွားခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ..

အခုတော့ အစာအိမ်ဆေးပါထပ်သောက်နေရပြီး အိပ်ရာထဲလှဲနေရတာ သုံးရက်ရှိနေပါပြီတဲ့။ ဒါပေမယ့် စီးပွားရေးလည်း လက်မလွှတ်ချင်သူပီပီ နေ့စဉ်ရောင်းနေကျ ကြက်ကင်နဲ့ အစားအသောက်တွေကိုတော့ လူမထနိုင်ပေမယ့် အစ်ကိုနဲ့ညီမကို ညွှန်ကြားရေးမှူးလုပ်ပြီး ရောင်းချပေးနေပါတယ်တဲ့နော်။ ဖြစ်နေတာတွေ အမြန်သက်သာပြီး ကြက်ကင်တွေလည်း အများကြီးရောင်းရပါစေ မိုင်းမိုင်ဆိုင်းရေ…


Source- Mai Mai Seng
Rainbow- Cele Gabar