ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာ (၁၀) ရက်နေ့ကတော့ အမွှာသမီးလေးခေတ် နဲ့ သစ်တို့ရဲ့မိခင် ဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင် ချစ်သုဝေ ကိုမွေးထုတ်ပေးခဲ့တဲ့ အန်တီ ဒေါ်ဒီဒီရဲ့ အသက်(၅၈) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာ လူမျိုးတွေမဟုတ်ပေမယ့် အလှူအတန်းအင်မတန်ရက်ရော ကြတဲ့ ချစ်သုဝေတို့ မိသားစုလေးရဲ့ချစ်စရာ ဓလေ့လေးအရ ဒီနေ့မှာ မွန်မြတ်တဲ့အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။
အန်တီ ဒီဒီ က သူမရဲ့ အသက် (၅၈) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် မြောက်ဥက္ကလာပ ဝေဘာဂီ ဆေးရုံ ကြီး မှာ Covid-19 အတွက် နေ့လည်စာ ပွဲ (၁၃၀) လှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ် ။ အခုလို လှူဒါန်းခဲ့တဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးငှာန အထူးကုဆေးရုံကြီး ( ဝေဘာဂီ) မြောက်ဥက္ကလာပ မြို့နယ် က ဂုဏ်ပြုလွှာချီးမြှင့်ခဲ့ကြောင်း ချစ်သုဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။
ချစ်သုဝေကတော့ သူမ ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ Today is my Mommy ‘s day ဆိုတဲ့စာသားလေးနဲ့အတူ မိခင်ဖြစ်သူရဲ့ မွေးနေ့ အလှူလေးကို ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပြီး အန်တီအတွက် ပရိသတ်တွေက မွေးနေ့ဆုတောင်းတွေ အများကြီးပေးထားကြတာလည်းတွေ့မြင်ရပါတယ် ။ အန်တီဒီဒီလည်း မွေးနေ့ကစပြီး ချစ်တဲ့မိသားစုနဲ့ တစ်သက်လုံး ပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။
Source : Chit Thu Wai, Emily (Cele Gabar)