မွေးနေ့အကြိုအလှူအနေနဲ့ သံဃာတော်တွေအတွက် နေ့ဆွမ်း၊ သင်္ကန်း၊ နဝကမ္မအလှူငွေဆက်ကပ်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)

Posted on

သုသုလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ညီညီမောင်(စမ်းချောင်း)ကတော့ ဒီနေ့မှာ သူ့ရဲ့မွေးနေ့အကြိုအလှူလေးကို မျှဝေပေးခဲ့ပါတယ်။ သုသုကတော့ ရယ်မောစရာ Tik Tok လေးတွေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးလာရတဲ့အထိ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူတစ်ယောက်ပါ။

သူ့ရဲ့ဖြစ်တည်မှုကို ဝေဖန်တိုက်ခိုက်သူတွေ ယနေ့ထက်တိုင်ရှိနေစဲဆိုပေမယ့်လည်း ကိုယ့်ယုံကြည်ရာလမ်းကြောင်းကို လျှောက်လှမ်းရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ အောက်ခြေကနေကြိုးစားလာခဲ့ရသူတစ်ယောက်မို့ သုသုကတော့ ဝေဖန်မှုဒဏ်တွေကိုကြံ့ကြံ့ခံရင်း ဘဝကိုအကောင်းဆုံးရပ်တည်နေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပရိသတ်တွေအတွက် တနေ့တာအကြောင်းအရာတွေ အမြဲမျှဝေပေးလေ့ရှိသူဖြစ်ပြီး မကြာခင်မှာကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့အကြိုအလှူလေးအဖြစ် ဒီနေ့မှာ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ဇေယျသုခစာသင်တိုက်ကျောင်းမှာရှိတဲ့ သံဃာတော်တွေအတွက် ဆွမ်း,သင်္ကန်း, နဝက္ကမအလှူငွေ ကပ်လှူပေးခဲ့ပြီး သံဃာတွေအတွက် နေ့ဆွမ်းကိုတော့ အပြောင်းအလဲလေးဖြစ်အောင် ဖက်ထမင်းလေးကပ်လှူပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ.. သုသုကတော့ သူ့ရဲ့မွေးနေ့အကြိုအလှူမှတ်တမ်းလေးကို ဗွီဒီယိုလေးနဲ့ မျှဝေခဲ့ပြီး “ဒီနေ့ အလှုလေး ကို မြင်သမျှ တွေ့သမျှ ကြားသမျှ သာဓု ခေါ် ဆိုနိုင်ကျပါစေ” ဆိုပြီးတော့လည်း ရေးသားမျှဝေခဲ့ပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မွန်မြတ်လှတဲ့သုသုရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Source – Nyi Nyi Maung
Rainbow- Cele Gabar