အနုပညာလောကမှာ ရပ်တည်နိုင်ဖို့အထောက်အပံ့အများကြီးပေးခဲ့တဲ့ ညိုမင်းလွင်ကို ထောပတ်ထမင်းနဲ့ ဂါရဝပြုခဲ့တဲ့ ညီနန္ဒ

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်ညီနန္ဒကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းစတင်ရောင်းချလာခဲ့တာ အခုဆိုရင် နေ့တိုင်း ပွဲရာချီရောင်းချနေရတဲ့အထိ ထောပတ်ထမင်းနဲ့အကျိုးပေးလာခဲ့သူပါ။ ဒီလိုထောပတ်ထမင်းရောင်းချမှုကြောင့် ငွေရေးကြေးရေးလည်း ပြေလည်လာခဲ့ရုံသာမက ယူကရိန်းနိုင်ငံထုတ် Bonlife နေကြာဆီရဲ့ Brand Ambassador အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါသေးတယ်။

ဒါ့အပြင် ရောင်းမယ့်ပွဲအရေအတွက်ထက် ပိုချက်ပြီး ကိုယ့်အပေါ်ကျေးဇူးရှိဖူးသူတွေကိုလည်း ထောပတ်ထမင်းနဲ့ ဂါရဝပြုလေ့ရှိသူ ညီနန္ဒကတော့ ဒီတစ်ခေါက်မှာ ဒါရိုက်တာညိုမင်းလွင်အတွက် ထောပတ်ထမင်းပို့ပေးဖြစ်ခဲ့ကြောင်း ” ကျွန်တော့ထက်အသက်ငယ်ပေမယ့် အနုပညာလောကမှာ ကျွန်တော်ရပ်တည်နိုင်အောင် အထောက်အပံ့တွေအများကြီးပေးခဲ့တဲ့ ညိုကြီး နဲ့ ကျွန်တော့အချစ်ဆုံးငယ်သူငယ်ချင်း စန္ဒာလွင်တို့ကို ဒီနေ့ “‘ကိုနန္ဒထောပတ်ထမင်း”‘ နဲ့ ဂါရဝပြုခဲ့ပါတယ်” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေလာပါတယ်။

ကိုယ့်ထက်ငယ်ပေမယ့် ကျေးဇူးတရားကို မမေ့ဘဲ အဆင်ပြေလာတဲ့အချိန်မှာ ဂါဝရပြုခဲ့တဲ့ ညီနန္ဒရဲ့စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားစရာပါပဲ ပရိသတ်ကြီးရေ.. ရှေ့လျှောက်လည်း ဒီထက်မက ထောပတ်ထမင်းတွေအများကြီးရောင်းရပြီး ဘဝကို အဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Nyi Nanda
Rainbow- Cele Gabar

 

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x