ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားရခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်းအတွက် အကလေးနဲ့ဂုဏ်ပြုခဲ့တဲ့ အောင်ရဲလင်း

Posted on

မင်းသားချောအောင်ရဲလင်းကတော့ အမိုက်စားခန္ဓာကိုယ်နဲ့ တည်ကြည်တဲ့မျက်နှာထားတို့ကြောင့် ပျိုမေတို့ရဲ့သည်းသည်းလှုပ်အားပေးခြင်းကို ရရှိထားသူပါ။ အနုပညာအလုပ်ကိုပဲ အာရုံစိုက်ပြီး အေးဆေးတည်ငြိမ်လွန်းသူတစ်ယောက်ဖြစ်တဲ့အပြင် အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်ကိုချပြထားခြင်းမရှိသေးတဲ့ လူပျိုကြီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ပြောင်ပြောင်နောက်နောက်ပုံစံနဲ့ သိပ်တွေ့ရလေ့မရှိတဲ့ မင်းသားချောအောင်ရဲလင်းကတော့ ဒီနေ့မှာ ဂုဏ်ယူစွာနဲ့ အခွီကပြထားတဲ့ ဗွီဒီယိုလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ယောကျ်ားလေးတော်တော်များများကတော့ ဘောလုံးအားကစားကို ဝါသနာမပါသူမရှိသလောက်ပါပဲ။ ဘောလုံးပွဲကို အားပေးနှစ်သက်ကြတဲ့ယောကျ်ားလေးတွေထဲမှာတော့ အောင်ရဲလင်းတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ လစ်ဗာပူးအသင်းအတွက် ဝမ်းသာဂုဏ်ယူစွာနဲ့ “Champion of England #LetMeCelebrate #Liverpool #UNIQUE” ဆိုပြီး အကဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

မြန်မာနိုင်ငံမှာတော့ လစ်ဗာပူးအသင်းကို အားပေးကြတဲ့ပရိသတ်တွေများစွာရှိပြီး ပရီးမီးယားလိဂ်ပွဲစဉ်တလျှောက် နှစ်ပေါင်း(၃၀)အတွင်းမှာ ပထမဆုံးအကြိမ် ဖလားရယူနိုင်ခဲ့ပြီဖြစ်တဲ့ လစ်ဗာပူးအသင်းအတွက် ဝမ်းသာဂုဏ်ယူနေကြမှာ အမှန်ပါပဲနော်။ တည်ငြိမ်သူတစ်ယောက်လို့ အများသတ်မှတ်ထားတဲ့ မင်းသားချောအောင်ရဲလင်းကိုယ်တိုင်လည်း အကဗွီဒီယိုလေးနဲ့အတူ လစ်ဗာပူးအသင်းရဲ့အောင်မြင်မှုကို ပါဝင်ဆင်နွှဲခဲ့တာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Aung Ye Lin
Rainbow- Cele Gabar