Fan တွေပေးလိုက်တဲ့ Surprise ကြောင့် မျက်ရည်လည်ခဲ့ရတဲ့ ခင်ရတနာစိုး

ပရိသတ်ကြီးရေ စက်တင်ဘာလ (၁၁) ရက်နေ့ကတော့ ဝါသနာရှင်ရွက်ပုန်းသီး အဆိုဝါသနာရှင်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ မြန်မာသံ တေးသီချင်းလေးနဲ့ ဒိုင်တွေရဲ့ချီးကျူးစကားတွေရော ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကို ပါရရှိခဲ့တဲ့ ခင်ရတနာစိုးဆိုတဲ့ ပြိုင်ပွဲဝင်လေးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ သူမရဲ့မွေးနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်တွေ အားလုံးက မွေးနေ့ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြတာပါ ။

\

ဒီနေ့မှာတော့ သူမကိုချစ်ကြတဲ့ ဖန်တွေက စုပြီး သူမအတွက် မွေးနေ့ Surprise လေးတစ်ခုကို လုပ်ပေးခဲ့ကြပါတယ် ။ ဖန်တွေက May Tha Zin Gold&Jewelry မေသဇင် ရွှေဆိုင် ကနေ သူမ မသိအောင် တိတ်တိတ်လေး လက်ဆောင်မှာပေးခဲ့ကြတာပဲဖြစ်ပါတယ် ။ အခုလို ပရိသတ်တွေက Surprise အနေနဲ့ မှာပေးခဲ့ကြတဲ့အတွက် ဟာ Supriseတဲ့ ငိုမှာနော် ဆိုတဲ့ စာသားလေးနဲ့အတူ ဖန်တွေ မှာပေးတဲ့ Screen Shot လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

သူမရဲ့ ပရိသတ်တွေကလည်း တစ်ဦးနဲ့တစ်ဦး မေတ္တာရောင်ပြန်ဟပ်တာပါ ဆိုတဲ့ ကြည်နူးဖွယ် မှတ်ချက်လေးတွေ ရေးသားထားကြတာကိုလည်းတွေ့ရပါတယ် ။ ခုလို ပြိုင်ပွဲပထမဆင့် မှာတင် အားပေးတဲ့ ပရိသတ်တွေအများကြီးရဲ့ အချစ်တွေ ကို ရထားတဲ့ ခင်ရတနာစိုးအတွက် ဆယ်လီကမ္ဘာမှ ဂုဏ်ယူဝမ်းမြောက်ပါတယ် နော် ။

Source : Khin Yadanar Soe
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x