Scarlett လေးရဲ့(၂) နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေလာတဲ့ Ah Boy

Posted on

ပရိသတ်ကြီးရေ… ဒီနေ့ စက်တင်ဘာလ(၁၃) ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ ရင်နှစ်သည်းချာသမီးချောလေးဖြစ်တဲ့ Scarlett ရဲ့(၂) နှစ်ပြည့်မွေးနေ့လေးပါ။ မေမေ၊ ဖေဖေ တို့ရဲ့ ပုံလေးတွေ၊ ဗွီဒီယိုလေးတွေထဲမှာ အမြဲလိုလို ပါတတ်တဲ့ သမီးလေး Scarlett ကိုတော့ ပရိသတ်ကြီးလည်း ရင်းနှီးနေလောက်ပြီ ထင်ပါတယ်နော်။

ဒီနေ့ Scarlett ရဲ့မွေးနေ့လေးမှာတော့ သမီးလေးမွေးနေ့အမှတ်တရအဖြစ် ချစ်စဖွယ်ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။ ဒီဗွီဒီယိုလေးကိုတော့ လွန်ခဲ့တဲ့(၂) လကတည်းက ရိုက်ကူးထားတာဖြစ်ပြီး မြတ်ရတနာကျော်ကတော့ သူငယ်ငယ်လေးကတည်းက ကြိုက်ခဲ့ရတဲ့ ဆရာငှက်ရဲ့ “အဓိပတိလမ်းက ခြေရာများ” သီချင်းလေးနဲ့ ဗွီဒီယိုလေးကို ဖန်တီးခဲ့တာပါတဲ့ ပရိသတ်ကြီးရေ..

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နာမည်ကျော်နေရာတစ်ခုဖြစ်တဲ့ အဓိပတိလမ်းပေါ်မှာ Scarlett လေးကတော့ သီချင်းနဲ့လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။ အသက်(၂) နှစ်သာရှိသေးပေမယ့် အနုပညာရှင်တွေရဲ့သမီး ပီသစွာ လူကြီးဆန်ဆန် တည်တည်ငြိမ်ငြိမ်လေး ရိုက်ကူးနိုင်ခဲ့တဲ့ Scarlett ရဲ့မွေးနေ့အမှတ်တရဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Our Travel Diaries
Rainbow- Cele Gabar