မြန်မာနိုင်ငံက ကိုဗစ်ကပ်ရောဂါကို အရမ်းအကြောက်လွန်နေတဲ့သူတွေအတွက် ဗွီဒီယိုလေးနဲ့ အသိပညာပေးခဲ့တဲ့ ဥက္ကာမင်းမောင်

Posted on

ဥက္ကာမင်းမောင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့ဘဲ နယူးယောက်မြို့မှာနေထိုင်လျက်ရှိပေမယ့် မြန်မာနိုင်ငံက ပရိသတ်တွေအတွက် ဗွီဒီယိုအတိုလေးတွေရိုက်ကူးကာ အမြဲလိုလို မျှဝေပေးလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ မကြာသေးခင်က လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူတွေကို ဆဲဆိုထားတဲ့ဗွီဒီယိုလေးကို ကြည့်မိပြီး အရမ်းစိတ်မကောင်းဖြစ်မိတာကြောင့် အသိပညာပေးဗွီဒီယိုလေးကို ရိုက်ကူးကာ မျှဝေပေးခဲ့ပါတယ်။

သူကိုယ်တိုင်လည်း လက်ရှိကမ္ဘာမှာ ကိုဗစ်ကူးစက်လူနာ (၆.၆)သန်းကျော်ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတာဖြစ်ပြီး ကိုဗစ်ရောဂါရှိသူနဲ့တောင် အလုပ်အတူတူတွဲလုပ်ခဲ့ပါသေးတယ်တဲ့ ပရိသတ်ကြီးရေ.. ကိုဗစ်ရောဂါကတော့ တော်တော်နဲ့ပပျောက်သွားမှာမဟုတ်တာကြောင့် နိုင်ငံကြီးတော်တော်များများမှာတော့ Social Distancing နည်းလမ်းတွေကို အတိအကျလိုက်နာပြီး ပုံမှန်သွားလာလုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကူးစက်ခံရသူကို စာနာထောက်ထားခြင်းမရှိဘဲ အခုလိုဆဲဆိုတာတွေ၊ မိသားစုဝင်တွေကိုပါ ကြောက်လန့်တကြားရှောင်ဖယ်ကြတာတွေဟာ မဖြစ်သင့်တဲ့အရာတွေဖြစ်တာမို့ စာများများဖတ်ကြဖို့၊ Social Distancing နည်းလမ်းတွေလိုက်နာဖို့၊ ကိုယ်ခံအားကောင်းအောင်နေကြဖို့အကြောင်းကို ဗွီဒီယိုလေးနဲ့ အသိပညာပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source – Okka Min Maung
Rainbow- Cele Gabar