မော်ဒယ်သရုပ်ဆောင် အဖြစ် အနုပညာလောကတွင် ရပ်တည်နေတဲ့ မေကတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမက မော်ဒယ် သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းမှာပါ ပါရမီပါသူဖြစ်ပြီး နိုင်ငံကျော်မင်းသားကြီး ဒွေးရဲ့ “မင်းလေးကိုချစ်လို့” သီချင်းကို ပုံစံပြောင်းပြီ ပြန်ဆိုထားတဲ့ သီချင်းလေးကလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရရှိခဲ့ပါတယ်။
မေကတော့”Marry Me” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ထွက်ရှိခဲ့ကာ လက်ရှိမှာတော့ Single Song တွေသာထွက်ရှိနေပြီး ထွက်ရှိသမျှသီချင်းတိုင်းလိုလိုဟာ ပရိသတ်တွေပါးစပ်ဖျားမှာရေးပန်းစားတဲ့အထိအောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။မေဟာ ယနေ့မှာတော့ ဇွန်လ(၂၁)ရက်မှာ World Music Day အထိမ်းအမှတ်အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ JOOX မှာလွှင့်ခဲ့တဲ့ Liveမှာ သီဆိုခဲ့တဲ့ ” ဖြေပါ Baby” ဆိုတဲ့ သီချင်းလေးကို “Baby yayy Joox Live ကြည့်လိုက်ရလား?” လို့ဆိုကာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြန်လည်ဝေမျှထားပါတယ်။ ဒီသီချင်းလေးကတော့ (၂၀၁၇)ခုနှစ်လောက်ကတည်းကထွက်ရှိခဲ့တဲ့ “Marry Me” ဆိုတဲ့ သီချင်းအယ်လ်ဘမ်ထဲမှ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ နိုင်ငံကျော်အဆိုတော် ရေမွန်ရေးပေးထားတဲ့ ” ဖြေပါ ဟန်နီ” သီချင်းလေးကိုတော့ Verionအသစ်ပြောင်းထားတာလည်းဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် အဆိုတော်မေတစ်ယောက် ပြန်လည်ဝေမျှထားတဲ့ ဇွန်လ(၂၁)ရက်မှာ World Music Day အထိမ်းအမှတ်အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ JOOX မှာလွှင့်ခဲ့တဲ့ Liveမှာ သီဆိုခဲ့တဲ့ ” ဖြေပါ Baby” ဆိုတဲ့ သီချင်းလေးကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။
Source: May
DarDar-CeleGabar