လက်ရှိဖြစ်ပျက်နေတဲ့ လောကကြီးရဲ့အကြောင်းကို သီဆိုထားတဲ့ နေဝင်းရဲ့ သီချင်းအသစ် Music Video

Posted on

ဖြတ်သန်းလာတဲ့ ဂီတသက်တမ်း မှာ ၂၀၁၀ မှ စပြီး သူတို့ရဲ့ကြိုးစားမှုတွေအရာထင်လာသလို ပရိသတ်နဲ့အရမ်းကို အပေးအယူတည့် လှတဲ့ Rapper က တော့ နေဝင်းပဲဖြစ်ပါတယ်။ တစ်ဖက်ကလဲ သီချင်း၊ တစ်ဖက်ကလဲ OMG ဆိုတဲ့ အောင်မြင်နေတဲ့ ဖက်ရှင်ဆိုင်ကို ဖွင့်လှစ်ထားပြီး မကြာသေးမီကမှ ချစ်သူ အိမ့်ချစ်ချောနဲ့ လက်ထပ်ခဲ့တာပါ ။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်တွေကိုချပြလာခဲ့ပါတယ် ။ လူ့သဘာ၀ လို့အမည်ရတဲ့ သီချင်းလေးကို နေဝင်းနဲ့အတူ Feat- Noe Myay က သီဆိုပေးထားတာဖြစ်ပါတယ် ။ ဒါရိုက်တာ စိုင်းကောင်းထက်က ရိုက်ကူးပေးထားတာဖြစ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ လူ့လောက ကြီးရဲ့ ဖြစ်ရပ်တွေကို သီချင်းအဖြစ် ပုံဖော်ဖန်တီးပေးထားတာဖြစ်ပါတယ် ။

တဝမ်းတခါးအတွက်နေ့စဉ် လှုပ်ရှား ရုန်းကန်နေရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပုံရိပ်တွေကိုလည်း ဒီ Music Video လေးမှာ ပေါ်လွင်အောင်ရိုက်ကူးပြထားတာကိုလည်းတွေ့ရပါတယ် ။ နေဝင်းကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း နားဆင်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

https://www.facebook.com/oo.naywin.3/posts/3914998995182295

Source : Nay Win
Emily (Cele Gabar)