ကြည့်ရှုသူ (၁) သန်းကျော်ခဲ့တဲ့ထိ အားပေးကြမ်းခဲ့ကြတဲ့ ကိုဗစ်နဲ့ ဇီဇာကြောင် မေမေဇာ ဆိုတဲ့ ဗီဒီယိုလေး

Posted on

ပရိသတ်ကြီးရေ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က တော့ သားလေး ဘုန်းမင်းနေလ ၊ သမီးထင်သစ္စာတို့နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမရဲ့ အနုပညာအမွေကို ဆက်ခံထားတဲ့ သားနဲ့သမီးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ပါ ။

လတ်တလောမှာတော့ ဘုန်းမင်းနေလက ကိုဗစ်ကို အကြောက်လွန်တဲ့ မေမေဇာတစ်ယောက် ဘယ်လိုအလွဲတွေ ဖြစ်နေတယ်ဆိုတာကို ဗီဒီယိုလေး ရိုက်ကူးပြီး ပရိသတ်တွေကို သူ့ရဲ့ ပေ့ချ်ကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ ကိုဗစ်ကူးမှာ စိုးရိမ်လို့ သားသမီးတွေကို ဆူပူရင်း အလွဲလေးတွေ ဖြစ်နေတာကို ဟာသ သဘောမျိုးရိုက်ကူးထားတာဖြစ်ပြီး ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့တာပဲဖြစ်ပါတယ် ။

ခုလို (၂၄) နာရီအတွင်းကြည့်ရှုသူ (1.3) M ရရှိခဲ့တဲ့အတွက် နောက်ထပ် ဗီဒီယိုတွေ အများကြီးတင်ဆက်ပေးဖို့ရှိသေးလို့ အားပေးကြပါဦး လို့ ဘုန်းမင်းနေလကတောင်းဆိုခဲ့ပါသေးတယ် ။ ပရိသတ်ကြီးအားလုံးလည်း အိမ်မှာနေရတဲ့အချိန်မှာ ဒီဗီဒီယိုလေးကို ကြည့်ပြီး အပျင်းပြေကြပါစေနော် ..။

https://www.facebook.com/PhoneminnaylaOfficial/posts/1291616477845710

Source : Phone Min Nay La
Emily (Cele Gabar)