Blind Audition စတုတ္ထအပတ်မှာ ဒိုင်လေးယောက်စလုံးရဲ့အသည်းကို ပထမဆုံးဖမ်းစားနိုင်ခဲ့တဲ့ ဂျပန်ကြီး

Posted on

အပတ်စဉ်တနင်္ဂနွေနေ့ညတိုင်းမှာ ထုတ်လွှင့်လျက်ရှိတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ ဒီနေ့ညမှာ Blind Audition စတုတ္ထမြောက်အပတ်ပြိုင်ပွဲကို ပြသခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ညမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွက်ပုန်းသီးအဆိုတော်တွေထဲကမှ ဒိုင်လေးယောက်စလုံးရဲ့အသည်းနှလုံးကို ပထမဆုံးဖမ်းစားနိုင်ခဲ့သူကတော့ ဂျပန်ကြီးပါ။

သူကတော့ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်က လာရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အဆိုတော်စစ်သူရဲ့ လူကြိုက်များတဲ့သီချင်းလေးဖြစ်တဲ့ “ငါ့ဘဝ” ဆိုတဲ့သီချင်းလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်ဟန် Mood အပြည့်နဲ့ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့် သီချင်းအစကတည်းက ဒိုင်တွေရဲ့စိတ်ဝင်စားခြင်းကို ရရှိခဲ့သလို ဒိုင်လေးယောက်စလုံးရဲ့အသိမှတ်ပြုလှည့်ကြည့်ခြင်းကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် နီနီကတော့ လာရောက်ကြည့်ရှုသူတွေကိုယ်စား ဂစ်တာနဲ့သီချင်းဆိုပြပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဂျပန်ကြီးကတော့ “ဆုလာဘ်” သီချင်းလေးကို ဆိုပြခဲ့ပြီး သူ့ရဲ့ Coach အဖြစ်ကိုတော့ ကျားပေါက်ကို ရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ… Blind Audition လေးပတ်မြောက်မှာ ဒိုင်လေးယောက်စလုံးရဲ့ပထမဆုံးလှည့်ကြည့်ခြင်းရရှိခဲ့တဲ့ ဂျပန်ကြီးရဲ့သီဆိုဖျော်ဖြေမှုကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – The Voice Myanmar
Rainbow- Cele Gabar