ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိသတ်အချစ်တော် ကျော်ထက်အောင်

ပရိသတ်ကြီးရေ ဒီနေ့စက်တင်ဘာလ(၁၄) ရက်နေ့လေးကတော့ ကျော်ထက်အောင်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ ကျော်ထက်အောင်ကတော့ မြန်မာနိုင်ငံရဲ့ပရိသတ်အားပေးမှု အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ Host တစ်ယောက်အနေနဲ့ ပရိသတ်အသိမှတ်ပြုခြင်းရရှိခဲ့သူပါ။

ယောကျာ်းပီသတဲ့ အရပ်အမောင်းနဲ့ တည်ကြည်ခန့်ညားတဲ့စကားပြောဟန်တွေကြောင့် ကျော်ထက်အောင်ကိုတော့ မိန်းကလေးပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပြီး အခုဆိုရင်တော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာလောကထဲကို လျှောက်လှမ်းလာခဲ့ပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ..

အားပေးသူအမာခံပရိသတ်များစွာကို ပိုင်ဆိုင်ထားပြီး ဒီနေ့သူ့ရဲ့မွေးနေ့လေးမှာလည်း အနုပညာရှင်များနဲ့ ပရိသတ်များက ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ဒီကနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး အောင်မြင်မှုတွေများစွာနဲ့ ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Kyaw Htet Aung
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x