အနုပညာကဝေလို့တောင်တင်စားရတဲ့အထိ ထူးခြားတဲ့အနုပညာစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်မင်းသားချော နေတိုးကတော့ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒိတ်ဒိတ်ကြဲမင်းသားတွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ နေတိုးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားအနေနဲ့ ရပ်တည်နေပြီး အနုပညာပိုင်းမှာအစွမ်းကုန်ကြိုးစားလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေသာမက အနုပညာနဲ့ပတ်သက်ပြီးအသိအမှတ်ပြုမှုကို ရရှိထားပါတယ်။
နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသားချော နေတိုးကတော့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်နဲ့ ယောက်ျားပီသတဲ့နေတိုးက ပျိုပျိုမေလေးတွေရဲ့အသည်းစွဲချစ်ခင်ခြင်းကို ခံနေရပြီး စိတ်သဘောထားကောင်းကာ ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့ နေတိုးက တကယ့်ကိုလူချစ်လူခင်ပေါများနေတာလည်း ဖြစ်ပါတယ်။လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ပြီး ပရိသတ်တွေရဲ့ အခိုင်အမာရရှိထားတဲ့ နေတိုးကတော့ ရိုးရာယဉ်ကျေးမှုနဲ့ဝတ်စားဆင်ယင်မှုတွေကို ချစ်မြတ်နိုးတဲ့ အကြောင်းကို “ရိုးရာကိုချစ်တယ် ယဉ်ကျေးမှုကိုမြတ်နိုးတယ် ရိုးရာယဉ်ကျေးမှုနဲ့ဝတ်စားဆင်ယင်မှုများစွာအားချစ်ခင်မြတ်နိုးတန်းဖိုးထားလျှက် …နေတိုး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသားချော ရခိုင်တိုင်းရင်းသားလေး နတိုးကတော့ ရိုးရာကိုချစ်ပြီး ယဉ်ကျေးမှုကိုမြတ်နိုးကာ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုတွေကိုလည်း ချစ်ခင်မြတ်နိုးတန်းဖိုးထားပါတယ်တဲ့နော်။
Source: Nay Toe
DarDar-CeleGabar