ပရိသတ်အချစ်တော် Rapper မလေးစန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးကတည်းက မိသားစုကိုပဲအများဆုံးအချိန်ပေးပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်နေသူပါ။ မေမေ့လိုပဲ အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးထရက်ရှာကို ထိန်းကျောင်းရင်း ထရက်ရှာလေးနဲ့တနေ့တာ အကြောင်းအရာလေးတွေကို မျှဝေပေးလေ့ရှိပါတယ်။
ဒီနေ့ကတော့ ထရက်ရှာရဲ့အသက်တစ်နှစ် နှစ်လပြည့်မွေးနေ့လေးဖြစ်ပြီး ဒီဒီးကတော့ သမီးလေးမွေးနေ့အမှတ်တရ ကာလဒါနအလှူလေးအနေနဲ့ ရွှေမြိုင်သီရိသီလရှင်ကျောင်း၊ ကန်ဦးဘုန်းဘုန်းကျောင်း နဲ့ ဆရာတော်အရှင်မုနိန္ဒ တို့ကို ဆန်၊ဆီ ဝတ္ထုများလှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။
ထရက်ရှာလေးရဲ့တစ်နှစ်ပြည့်မွေးနေ့ကိုတော့ YGW မိဘမဲ့ကျောင်းမှာ အာဟာရဒါနလှူဒါန်းပေးဖြစ်ခဲ့ပြီး ထရက်ရှာ တစ်နှစ်နဲ့ နှစ်လပြည့်မှာလည်း အမှတ်တရအလှူလေးအနေနဲ့ ဆန်၊ဆီနဲ့ဝတ္ထုငွေတွေကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအလှူလေးကိုတော့ (၇) ရက်သား၊သမီးအားလုံးကိုယ်စားလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ရေးသားမျှဝေခဲ့တာမို့ ပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source – Sandi Myint Lwin
Rainbow- Cele Gabar