မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် အားပေးသူပရိသတ်အခိုင်အမာရရှိလာတဲ့ မိုးသိုလေးကတော့ မနေ့ညက စိတ်မကောင်းစရာကိစ္စတစ်ခုကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ အဘိုးဖြစ်သူ ဆုံးပါးသွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။
အေးမြဖြူရဲ့အဘိုးကတော့ အဆုတ်မကောင်းတော့တာ ကြာပြီဖြစ်ပြီး မနေ့ညက ဆုံးပါးသွားခဲ့တာပါ။ အေးမြဖြူရဲ့ဆုံးရှုံးမှုအတွက် အနုပညာရှင်တွေနဲ့ ပရိသတ်တွေကတော့ အားပေးစကားပြောခဲ့ကြပြီး အဘိုးဖြစ်သူ ကောင်းရာသုဂတိရောက်ဖို့အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် မိုးသိုကတော့ အဘိုးဖြစ်သူကြောင့်သာမက ဒီရက်ပိုင်း စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေချည်းပဲ ဆက်တိုက်ဖြစ်နေလို့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်ကို ပိတ်ထားတာဖြစ်ကြောင်းလည်း My Day မှာ ရေးသားမျှဝေခဲ့ပါသေးတယ်။
အေးမြဖြူကတော့ နာမည်လေးအတိုင်း စိတ်ထားဖြူစင်သလို အေးအေးချမ်းချမ်းနေလေ့ရှိသူဖြစ်ပေမယ့် ဒီရက်ပိုင်းစိတ်ရှုပ်စရာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့အပြင် အဘိုးဖြစ်သူကိုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်ဆိုတော့ တကယ်စိတ်မကောင်းစရာပါပဲ ပရိသတ်ကြီးရေ… ဒီလိုအခက်အခဲကာလကြီးမှာ စိတ်မချမ်းမြေ့စရာကြုံတွေ့ခဲ့ရတဲ့ မိုးသိုလေးအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း အားပေးစကားပြောပေးခဲ့ကြပါဦးနော်။
Source – Aye Mya Phyu
Rainbow- Cele Gabar