ပရိသတ်ရဲ့အချစ်တော်နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ မြင်သူတိုင်းအားကျရလောက်တဲ့ ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားသူတွေပါ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်တော့တဲ့ ပိုးအိအိခန့်ကတော့ သားကိုးလေးကိုထိန်းကျောင်းရင်း လူမှုကွန်ရက်ပေါ်မှာပဲ ပရိသတ်တွေအတွက် တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိပါတယ်။
ဒီနေ့မှာတော့ အနေတည်ပြီးရှက်တတ်လွန်းတဲ့ အောင်သူရဲ့အကျင့်ကို မျှဝေခဲ့ပါတယ်။ “အိမ်ထောင်ကျပြီး သိပ်မကြာ ကျွန်မကို ကိုအောင်သူ့အမေ က ပြောပြဖူးတယ်… ဘောလုံးပွဲကြည့်တိုင်း ဘေးကပရိသတ်တွေက အောင်သူ့ကို မာနကြီးတယ် မတူသလို မတန်သလိုဖြစ်တယ်လို့ ပြောကြလို့… သားကို အမြဲမှာတယ်တဲ့… ဘယ်လိုမှာတာလဲဆိုတော့ “သားရယ် ဘောလုံးကွင်းထဲရောက်ပြီဆိုရင် ခေါင်းလေးမော့ပြီး လက်လေး ပြလိုက်ပါ သားလက်ပြတာ မောင်ဖြူ့ကိုလည်း မဟုတ် မောင်နီ့ကိုလည်းမဟုတ်ပါဘူးသားရယ် အဲ့ဒါလေးတော့ လုပ်ပြလိုက်ပါ ငါ့သားရဲ့” ဘယ်လောက်မှာမှာ ပွဲရောက်လို့ ကြည့်လိုက်ရင် သိပ်ရှာစရာမလိုဘူး ခေါင်းငုံ့နေရင် အောင်သူပဲ တဲ့…. အဲ့ဒါကြောင့် ကျွန်မ ယောကျာ်းကို မတက်ကြွဘူးပြောရင် ကျွန်မ ရယ်လည်း ရယ်ချင်သလို စိတ်လည်းမကောင်းဘူး… လူတစ်ယောက်ရဲ့ အကျင့်နဲ့ဗီဇက ဘယ်လိုများဖျောက်လို့ရပါ့မလဲရှင်” ဆိုပြီး အောင်သူရဲ့အကျင့်ကို ပြောပြခဲ့တဲ့အပြင်
အောင်သူ ဘယ်လောက်များပြုံးပြုံးရွှင်ရွှင်မနေတတ်သလဲဆိုရင် မင်္ဂလာဆောင်တဲ့နေ့မှာတောင် လူတွေအရမ်းများလွန်းလို့ ရှက်ပြီး မျက်နှာတည်နဲ့မနေတတ်ဖြစ်နေလို့ တချို့လူတွေကတောင် အောင်သူကမပျော်ဘူးလား… မချစ်ဘူးလား မေးကြတဲ့အထိပါပဲတဲ့.. တကယ်တော့ ကျွန်မယောကျ်ားက ကျွန်မကို အရမ်းချစ်ပါတယ်ရှင်.. ဒီစာလေးဖတ်ပြီးယောကျ်ားပျော်ပါစေဆိုတဲ့ စာသားလေးနဲ့အတူ ပိုးအိအိခန့်ကတော့ ကြည်နူးစရာမင်္ဂဆောင်ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…
Source – Poe Ei Ei Khant
Rainbow- Cele Gabar