အထီးကျန်ပြီး ညတိုင်း မျက်ရည်တွေနဲ့ကြိတ်မှိတ်အိပ်ခဲ့ရကြောင်းပြောပြလာတဲ့ ပိုပို

Posted on

တေးသံရှင်ပိုပိုကတော့ မိဘတွေမရှိတော့ထဲက အဘွားဖြစ်သူနဲ့အတူ ကြီးပြင်းလာရတဲ့သူဆိုတာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ ပိုပိုကတော့ အဘွားမရှိကတည်းက အထီးကျန်ခဲ့တာ အခုတော့ အကျင့်ဖြစ်နေခဲ့ပြီ လို့ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ အဘွားဆုံးခဲ့တာ (၉) နှစ်ရှိပြီဖြစ်ပြီး ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာတော့ (၁၇) နှစ်ရှိခဲ့ပြီလို့ သိရပါတယ် ။ လတ်တလောမှာတော့ ပိုပိုက သူမရဲ့ ခံစားချက်အချို့ကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

လေးဘက်ပိုးလိုပဲ အေးရင် အရိုးထဲက တစ်ခါတစ်ခါထထကိုက်တယ် နေမကောင်းဖြစ်ရင် ခွေးလေးတွေ အီသလို အီတတ်လို့”ဘာဖြစ်လဲ ငါ့မြေး နေမကောင်းဘူးလားလို့” ထမေးမဲ့ အဘွားမရှိလို့ နှာတောင်မစေးချင်ဘူး ညဘက်အိပ်ရင် တစ်ယောက်တည်း အိပ်ရတာကြိုက်တတ်လာခဲ့ပေမဲ့ တစ်ခါတလေ နွေးထွေးမှူ လိုအပ်တယ် စောင် ပဲထထ ခြုံပြီး ခွခေါင်းအုံးကိုပဲ အဖော်အဖြစ် ဆွဲဆွဲ ဖက် အိပ်ရာဘေးက အဖွားပုံလေး ကိုကြည့်ရင်းမျက်ရည်တွေနဲ့ ကြိတ်မှိတ် အိပ်တတ်လာခဲ့ တယ်လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။


မုန့်ဘိမ်းတောင့် သည်လာရင် ခေါ်ခေါ်စားတတ်တဲ့ အဘွားကို စားကောင်းသောက်ဖွယ်လေးတွေ တွေ့ရင် ကျွေးချင်မိသလို နေ့ခင်း နေ့လည် အိမ်မက်တွေမက်ရင် ကျောင်းအပြန် မျှော်နေတတ်တဲ့ အဘွားကိုလွမ်းတယ် လို့လည်း သူမရဲ့ခံစားချက်တွေကို ပရိသတ်တွေကိုပြောပြလာခဲ့တာပါ ။ အဘွားရေ မြေး တစ်ယောက်တည်း ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေနေတတ်အောင်ကြိုးစားနေပါတယ် တခါတလေတော့လဲ အားတွေ ငယ်ငယ်လာပါတယ်တစ်ယောက်တည်း လောကဓံကို ကြံကြံခံနိုင်အောင် ဆက်ကြိုးစားသွားပါဦးမယ်လို့လည်း အဘွားဖြစ်သူကို တိုင်တည်ပြီး ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source : Po Po
Emily (Cele Gabar)