သီချင်းတင်ပြီး (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ (၂) သန်းကျော်ခဲ့တဲ့ ဈာဈာန်ဟန်သာ ရဲ့ သီချင်းအသစ်

ဟန်ထူးဈာန် နဲ့ ဈာဈာန်ဟန်သာ တို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ ပရိသတ်တွေရဲ့ အားပေးမှု အပြည့်ဝရရှိထားကြတဲ့ သူတွေပါ ။ အိပ်မက်ဆုံရာပြိုင်ပွဲကနေတဆင့် ပရိသတ်အသိမှတ်ပြုခြင်းကိုရရှိထားတဲ့ဟန်ထူးဈာန်ကတော့ တေးစီးရီးနှစ်ခွေထွက်ရှိထားပြီး ညီမလေးကို လည်း အနုပညာလမ်းကြောင်းပေါ် လက်တွဲခေါ်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

လတ်တလောမှာတော့ ဟန်ထူးဈာန်ရဲ့ ညီမလေးဖြစ်တဲ့ ဈာဈာန်ဟန်သာရဲ့ နင်ငါ့ကို ဆိုတဲ့ Official Music Series ကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဒီ Official Music Series လေးမှာ သရုပ်ဆောင် ဟိန်းထက် ၊ ခွန်းနေခြည်ချို ၊ ဟန်ထူးဈာန် ၊ ဈာဈာန်ဟန်သာ ၊ စုသက် ၊ Kina Alpha ၊ Xbo နဲ့ ဟန်ဓူဝံထူးဈာန် တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ ဒီသီချင်းလေးကို တင်ပြီး (၂၄) နာရီမပြည့်ခင်မှာပါပဲ အားပေးကြမ်းတဲ့ ပရိသတ်တွေကြောင့် ကြည့်ရှုသူ (၂)သန်းကျော်သွားခဲ့တာဖြစ်ပါတယ် ။

လူတစ်ယောက်ကိုအရမ်းချစ်မိသွားတဲ့အခါ ကိုယ်ပိုင်ဆိုင်ရသည်ဖြစ် မပိုင်ဆိုင်ရသည်ဖြစ်စေ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်မှာတောင် သူ့အတွက်ကိုစိတ်ပူနေတတ်တယ်ဆိုတဲ့ ခံစားချက်လေးကို ပေါ်လွင်အောင် ရေးစပ်သီဆိုထားတာဖြစ်လို့ ပရိသတ်ကြီးအကြိုက်နဲ့ထပ်တူကျမယ်လို့ ထင်ပါတယ်နော် ။ နားမဆင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း ဟန်ထူးဈာန် ညီမလေး ဈာဈာန်ဟန်သာရဲ့ Official Music Series လေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Han Htoo Zan
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x