ခွဲစိတ်ခန်းဝင်ရတော့မယ့် မိခင်ဖြစ်သူအတွက် ကံကောင်းတဲ့မနက်ဖြန်လေးဖြစ်ဖို့ ဆုတောင်းလိုက်တဲ့ လင်းဇာနည်ဇော်

Posted on

ချစ်သမီးလေးမြူလင်းကိုကိုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို တည်ဆောက်ထားတဲ့လင်းဇာနည်ဇော်ကတော့ လတ်တလောမှာသူ့ရဲ့ မိခင်ဖြစ်သူ ခံစားနေရတဲ့ဝေဒနာတွေနဲ့ပတ်သက်ပြီး စိတ်မကောင်းစွာမျှဝေခဲ့ပါတယ်။ လင်းဇာနည်ဇော်ရဲ့မိခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ အူမကြီးကင်ဆာရှိနေတယ်လို့ ဆေးစစ်ချက်မှာတွေ့ရှိခဲ့ပြီး မနက်ဖြန်မှာတော့ ခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်ပါတယ်။

အသက်(၇၈) နှစ်ရှိနေပြီဖြစ်တဲ့မိခင်ဖြစ်သူ ခံစားနေရမယ့် ဝေဒနာတွေအတွက် လင်းဇာနည်ဇော်တို့မောင်နှမတွေအကုန်လုံး စိတ်မကောင်းဖြစ်နေကြသလို ဒါရိုက်တာမိုက်တီးကတော့ “အမေက သားတို့ကို အသက်(၈၀)ကျော်အထိ ချက်ပြုတ်ကျွေးချင်သေးတာ.. အဲ့ဒါတစ်ခုတည်းပါ သားရယ်” ဆိုတဲ့ မိခင်ဖြစ်သူရဲ့ပြောစကားလေးကို စိတ်မကောင်းစွာမျှဝေခဲ့တဲ့အပြင် “ကျွန်တော် ဆိုးခဲ့ပေခဲ့သမျှထက် ပိုလို့အမေ့ကို ကျွန်တော်ချစ်ခဲ့ပါတယ်… ဤမှန်သောသစ္စာစကားကြောင့် အမေဖြစ်ချင်တဲ့ ကျွန်တော်တို့ကို ထမင်းချက်ကျွေးလို့ ရပါစေ အမေရယ်” ဆိုပြီးတော့ ဆုတောင်းရေးသားခဲ့ပါတယ်။

လင်းဇာနည်ဇော်ကလည်း ” နာကျင်မှုတွေ မခံစားရပါစေနဲ့.. ကြောက်လန့်မှုတွေရှိမနေပါစေနဲ့.. ဝေဒနာကင်းစင်သွားပါစေ… မေမေ့အတွက် ကောင်းသောမနက်ဖြန်လေးဖြစ်ပါစေ” ဆိုပြီး ခွဲစိတ်ခန်းဝင်ရတော့မယ့်မိခင်ဖြစ်သူ နာကျင်မှုမခံစားရဘဲ ပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ.. မိခင်အတွက် စိတ်သောကရောက်နေတဲ့ လင်းဇာနည်ဇော်တို့မောင်နှမတွေအတွက် အားပေးစကားပြောပြီး ဆုတောင်းပေးခဲ့ပါဦးနော်။


Source – Lin Zarni Zaw, သန်းထွန်းဇော်
Rainbow- Cele Gabar