ညီနန္ဒရဲ့ထောပတ်ထမင်းအလှူမှာ ပွဲ(၃၀၀) ပါဝင်အားဖြည့်ခဲ့တဲ့ စည်ဖြိုးတို့မိသားစု

Posted on

ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းရောင်းချပြီး ရပ်တည်လာခဲ့တဲ့ ညီနန္ဒကတော့ Second Wave မှာ တိုက်ပွဲဝင်နေကြတဲ့ ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေအတွက် လွန်ခဲ့တဲ့ရက်ပိုင်းက ထောပတ်ထမင်းလှူဒါန်းပေးနိုင်ဖို့ စီစဉ်ခဲ့ပြီး သူကိုယ်တိုင်လည်း (၂၅) ပွဲစတင်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် သူနဲ့အတူလှူဒါန်းချင်သူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ရှေ့တန်းတိုက်စစ်မှူးတွေအတွက် နိုင်သလောက်ကူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာလူမျိုးတွေရဲ့စေတနာသဒ္ဓါတရားထက်သန်မှုကြောင့် လေးရက်အတွင်းမှာ ပွဲ(၁၀၀၀) ကျော်လှူဒါန်းဖို့ လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလိုလှူဒါန်းကြတဲ့အထဲမှာ အလှူရေစက်လက်နဲ့မကွာ အမြဲလှူဒါန်းလေ့ရှိတဲ့ စည်ဖြိုးတို့မိသားစုလည်း ပါဝင်ခဲ့ပါတယ်။

ကွယ်လွန်သူ ဆရာမ ET ( ဒေါ်ဆွေဆွေဝင်း) အားရည်စူးပြီး အဖွားဒေါ်သန်းအေးမှ ထောပတ်ထမင်းပွဲ(၁၀၀) ဦးထွန်းအောင်+ ဒေါ်သီသီဝင်း၊ သားစည်ဖြိုး၊ခင်လွှမ်း၊ ပြည့်ဖြိုး မိသားစုမှ ထောပတ်ထမင်းပွဲ(၂၀၀) လှူဒါန်းပေးခဲ့ကြောင်း ညီနန္ဒက မျှဝေခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကို အစွမ်းရှိသမျှ ကာကွယ်တွန်းလှန်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်းအလှူလေးမှာ ပါဝင်ခဲ့ကြတဲ့အလှူရှင်များအားလုံး ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Nyi Nanda
Rainbow- Cele Gabar