Beauty By Naychi Page လေးကနေတဆင့် Beauty Blogger တစ်ယောက်အဖြစ် စတင်ခဲ့သူချီချီကတော့ အခုဆိုရင် အောင်မြင်တဲ့ငွေကြယ်ပွင့်တစ်ပွင့်အနေနဲ့ အနုပညာလောကမှာ ရပ်တည်လာနိုင်ခဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ ချီချီတစ်ယောက် အမေများအဖွဲ့အတွက် လိုအပ်တာလေးတွေ လှူဒါန်းပေးဖြစ်ခဲ့ကြောင်း Beautybynaychi Page လေးကနေ မျှဝေခဲ့ပါတယ်။
အမေများအဖွဲ့၊ အမေများအိမ်ရာအတွက် ချီချီရယ် ၊သူ့ရဲ့မိသားစုဝင်တွေရယ်၊ Beautybynaychi Team ရယ်စုပေါင်းပြီး ကိုဗစ်ကာလအခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ခြင်ထောင်အတူ လိုအပ်တာလေးတွေသုံးနိုင်ဖို့ အလှူငွေဆယ်သိန်းလှူဒါန်းခဲ့ပါတယ်။ အမေများအဖွဲ့အတွက် အလှူလေးကို ကိုယ်တိုင်သွားမလှူနိုင်ခဲ့တဲ့အပေါ်မှာလည်း လူစုလူဝေးရှောင်နေရတဲ့အချိန်မို့ နားလည်ခွင့်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။
နောက်တစ်ခေါက်တော့ ချစ်ရတဲ့ ချီလီတွေနဲ့အတူ စုပေါင်းပြီး အလှူလာလုပ်ဖို့ ရည်ရွယ်ထားကြောင်းရေးသားမျှဝေခဲ့ပြီး ” မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင်ဆုံးမပေးခဲ့တဲ့ အမေဒေါ်နွဲ့နွဲ့စန်းနဲ့ အမေများအတွက် ချစ်သမီးနေခြည်ဦး ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့အလှူလေးကို ဖော်ပြခဲ့ပါတယ်။ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ အနုပညာလောကရဲ့အမေများကိုလည်း ကိုယ့်ရဲ့မိခင်အရင်းသဖွယ် အခက်အခဲတွေပြေလည်ဖို့ စဉ်းစားလှူဒါန်းပေးခဲ့တဲ့ ချီချီရဲ့အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ကြပါဦးနော်။
Source – Nay Chi Oo
Rainbow- Cele Gabar