နယ်ပရိသတ်တွေက အနုပညာအလုပ်တွေလုပ်ဖို့ကို တွန်းအားဖြစ်စေတယ်ဆိုတဲ့ ဟန်နလာ

Posted on

အခုဆိုရင်တော့ MRTV-4 မှာပြသနေတဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲဟာ ပရိသတ်အကြိုက်ဇာတ်လမ်းတွဲတစ်ခုအနေနဲ့လည်း ရပ်တည်နေပါတယ်။ ဒီဇာတ်ကားကတော့ ဂျီဟောလို့ခေါ်တွင်တဲ့ စက်မှုတက္ကသိုလ်ကကျောင်းသူတွေရဲ့အဆောင်မှာရှိတဲ့ အဆောင်သူတွေအကြောင်းကိုရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။


စရိုက်တစ်မျိုးစီချစ်စရာကောင်းတဲ့ အဆောင်သူတွေထဲက မဝါအဖြစ်သရုပ်ဆောင်တဲ့ ဟန်နလာကိုတော့ ပရိသတ်တွေသတိထားမိကြမှာပါ။ သူကတော့ ဇာတ်လမ်းတွဲထဲမှာ စာကျက်ပျင်းလွန်းသူ ဖြစ်ပြီး မမခင်ဆူလျှင်စာအုပ်ကိုမျက်နှာပေါ် တင်ကာ ခိုးအိပ်နေတတ်သလို လူမိလျှင်ကျက်ပြီးသားစာကိုနွေးနေတာ ဟုပြောတတ်သူ အဆောင်တွင်တစ်ခန်းဝင်တစ်ခန်းထွက် လေအပေါနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။ ဟန်နလာကိုတော့ ဂျီဟောသူ ဇာတ်လမ်းတွဲအပြင် ပျားရည်အိုင် ၊ ချစ်ရပါသောနွေ စတဲ့ဇာတ်လမ်းတွဲတွေမှာလည်း သတိထားမိကြမှာပါ။


ဟန်နလာကတော့ နယ်ပရိသတ်တွေကြောင့် အနုပညာအလုပ်လုပ်ရတာ အားတက်တဲ့အကြောင်းကိုလည်း နယ်တွေသွားတဲ့အခါမှာ သူပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲထဲက ဇာတ်ရုပ်တွေကိုမှတ်မိနေကြတာကြောင့်လည်း ကျေနပ်တယ်လို့ဆိုပါတယ်။ အဲဒီလိုအသိအမှတ်ပြုတာကြောင့် ပိုပြီးတော့ ကြိုးစားချင်စိတ်တွေဖြစ်လာတယ်လို့ဆိုပါတယ်။ ဂျီဟောသူဇာတ်လမ်းတွဲထကြ မဝါရဲ့ပရိသတ်တွေရှိလားနော်…
Source: ExclusiveonCeleGabar