မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက် ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေ အသည်းကျော် အနုပညာရှင်တစ်ယောက်ပါ ။ သူ့ရဲ့အဓိက ဆွဲဆောင်မှုအရှိဆုံးကတော့ မိန်းကလေးတိုင်းသဘောကျစေမယ့် အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် ။ ပရိသတ်အားပေးမှုအခိုင်အမာ ရရှိပြီးမှ အနုပညာအလုပ်တွေကို ရပ်နားခဲ့တဲ့အတွက် ပရိသတ်တွေက စိတ်ဝင်တစားဖြစ်နေခဲ့ကြတာပါ ။

အနုပညာအလုပ်တွေကို (၄)လတာ ရပ်နားပြီးနောက်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ Covid ကာလမှာ ကျွန်တော်တတ်နိုင်တဲ့ဘက်က ဒီအပတ်လုပ်ဖြစ်တဲ့အလှူလေးပါ ပရိသတ်ကြီးအားလုံးနှင့်အတူ မြန်မာနိုင်ငံကြီးကျန်းမာချမ်းသာပါစေဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ကိုဗစ်အလှူအဖြစ် လမ်းမှာရှိတဲ့ အလုပ်သမားတွေ နဲ့ အဘိုးအဘွားတွေကို ကြက်သားဆန်ပြုတ် လိုက်ဝေပြီး လှူဒါန်းဒါန ပြုခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

ဟိန်းမင်းသူ ရဲ့ အမာခံဖန်တွေကတော့ ဒီထက်မက ပိုပြီး လှူနိုင်တန်းနိုင်ပါစေဆိုတဲ့ ဆုတွေနဲ့အတူ သူ့ရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်အကြီးအတွက် ဟိန်းမင်းသူရဲ့ ဒီနေ့အလှူလေးအတွက် ဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
https://www.facebook.com/heainmin.thu.7/posts/1223168518058022
Source : Hein Min Thu
Emily (Cele Gabar)