လတ်တလော MRTV-4 ကထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ဂျီဟောသူ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ဗစ်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်လပြည့်ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်ပါ ။ မိဘအပေါ်အရမ်းကို သိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်သလို မိသားစုကို အရမ်းတန်ဖိုးထားတဲ့ သူတစ်ယောက် ဆိုလည်းမမှားပါဘူး ။
အရင်က သူရိုက်ကူးထားတဲ့ကားလေးတွေ TV မှာလာရင် မိခင်ဖြစ်သူက ကောင်းတယ်လို့ အမြဲ မှတ်ချက်ပေးတတ်လို့ အခု ဂျီဟောသူကား ပြသနေတဲ့အချိန်မှာ အမေ့ကို လွမ်းနေကြောင်း လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားလာခဲ့ပါတယ် ။ ဂျီဟောသူကား ရိုက်ကူးရေးပြီးကာနီးမှာပဲ အမေကအသည်းအသန်ဖြစ်ပြီးဆေးရုံတင်လိုက်ရာကနေ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်လို့သူ့အတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့ Cele Gabar အင်တာဗျူးမှာဖြေဆိုခဲ့တာဖြစ်ပါတယ် ။
ထီသိန်း(၁၅၀၀၀)မပေါက်ချင်ဘူး အမေ့ကိုပဲပြန်လိုချင်ပြီး သေခြင်းတရားကိုသာ အစားထိုးလို့ရရင် အမေနဲ့အစားထိုးလိုက်ချင်တယ်ဆိုတဲ့အထိ မိခင်ဖြစ်သူအပေါ်မှာ သံယောဇဉ်ကြီးမားခဲ့ကြောင်း ပရိသတ်တွေကို မျက်ရည်တွေကြားက ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ် ။ လပြည့်ကိုချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် အင်တာဗျူးဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : La Pyae
Emily (Cele Gabar)