CeleGabar ပရိသတ်ကြီးရေ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ပိုပို အဆိုတော်ဆူဇီနဲ့ အဆိုတော် ဟိဏ်းသစ်တို့ရဲ့ ဟာသဗီဒီယိုလေးကတော့ ပရိသတ်တွေသဘောကျနှစ်သက်နေခဲ့တဲ့ ဗီဒီယိုလေးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒီဟာသဗီဒီယိုလေးကိုတော့ ပိုပိုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။
ဗီဒီယိုလေးနဲ့ အတူ “ဆူဇီ၊ ပိုပို နှင့် ဟိဏ်းသစ် တို့ မောင်နှမ (၃) ယောက်က အားလုံးကိုပျော်စေချင်သောအားဖြင့် ဟာသ ဗီဒီယိုအတိုလေးရိုက်ထားတာပါ။ (၃) ယောက်ဆုံတုန်း ဟာသတွေပြောရင်း အားလုံးကိုလည်း ပျော်စေချင်တာကြောင့်ပါ။” ဆိုပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာသဗီဒီယိုလေးကို ဖန်တီးတင်ဆက်ပေးတာဖြစ်ကြောင်းကိုလည်း ပြောထားပါသေးတယ်။
ပိုပို၊ဆူဇီနဲ့ ဟိဏ်းသစ်တို့(၃)ယောက် အတွဲညီညီနဲ့ သရုပ်ဆောင်ထားတဲ့ ဒီဟာသဗီဒီယိုလေးကိုတော့ ပရိသတ်တွေကသဘောကျနှစ်သက်နေခဲ့ကြပြီး လက်ရှိမှာ ကြည့်ရှုသူ (၁)သိန်းနီးပါးရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ပိုပို၊ဆူဇီနဲ့ ဟိဏ်းသစ်တို့ရဲ့ ဟာသဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြပေးလိုက်ပါတယ်။
Chilli – CeleGabar
Source – ပိုပို