ကျန်းမာရေးအခြေအနေကြောင့် စိတ်ကူး သီချင်းတင်ဖို့နောက်ကျသွားတာဆိုတဲ့ ယုန်လေး

Posted on

နိုင်ငံကျော်တေးရေး၊တေးဆို ဒါရိုက်တာ ယုန်လေးကတော့ တေးသီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့ကာ ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။ ယုန်လေးကတော့ တေးသီချင်းပါင်းများစွာ ထွက်ရှိခဲ့ပေမယ့် နိုင်ငံကျော်အဆိုတော် Lဆိုင်းဇီနဲ့အတူ တွဲဖက်သီဆိုထားတဲ့ ” အချစ်အတွက်ကံမကောင်းသူ” သီချင်းကတော့ ပရိသတ်တွေကြား အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

ဝါသနာရှင်တွေကို လက်တွဲခေါ်ယူလေ့ရှိသူယုန်လေးကတော့ ဒီတစ်ခေါက်မှာ သူလက်တွဲခေါ်ယူခဲ့တဲ့ ညီလေးတွေနဲ့ စုပေါင်းဖန်တီးထားတဲ့ “စိတ်ကူး” သီချင်းလေးရဲ့ Muic Videoကို ဇွန်လ(၂၆) ရက်နေ့မှာ ချပြမယ်လို့ ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကြောင့် စိတ်ကူး သီချင်းတင်ဖို့နောက်ကျသွားတဲ့အကြောင်းကို “အခြေနေက ဒီလိုဖြစ်နေလို့ စိတ်ကူး သီချင်းနောက်ကျသွားတာပါ။ ဘယ်မှ လည်း မသွားနိုင်တော့ ဖုန်းနဲ့ ပဲ ဆက်ပြီးလုပ်ရတော့ လိုအပ်ချက်များရှိရင် ခွင့်လွတ်ပေးပါ မနက် ၁၀ နာရီ ကို ဝန်းရံပေးဖို့လည်းတောင်း ဆိုပါတယ်ခင်များ သေချာလေးလည်း ကြည့်ပေးပါ ရည်ရွယ်ချက်တွေပါပါတယ် Tik tok King . Tik tok Queen များလည်း ဆော့လို့ကောင်းတဲ့ စာသားများပါပါတယ် ဆော့ထားလေးတွေလည်း ပြန်ကြည့်ချင်ပါတယ်ခင်များ အားလုံး Peace” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ယုန်လေးကတော့ သူလက်တွဲခေါ်ယူခဲ့တဲ့ MC ကယားလေး၊ Rap ကျားကြီး၊ MinZ၊ A4 ကျော်စွာတို့နဲ့ အတူ စုပေါင်းဖန်တီးထားတဲ့ “စိတ်ကူး” ဆိုတဲ့သီချင်းထွက်ရိဖို့ နောက်ကျနေတာဟာ ကျန်းမာရေးကြောင့်ပါတဲ့နော်။

Source: Yone Lay
DarDar-CeleGabar