မင်းသမီးချော အိချောပိုနဲ့အတူရိုက်ကူးထားတဲ့ သီချင်းသစ်လေးထွက်ရှိလာတဲ့ မနော

Posted on

ထူးခြားတဲ့သံစဉ်တွေ သီချင်းလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့ တေးသံရှင်မနောကတော့ နိုင်ငံကျော်မင်းသမီးချော အိချောပိုနဲ့အတူရိုက်ကူးထားတဲ့ “လူပျို” ဆိုတဲ့ သီချင်းသစ်လေးကို “တင်ပြီနော် MTV အသစ်လေး မင်းသမီးပဲကြည့်မနေကြနဲ့ဦး သားသားတို့လည်းအားပေးဦး” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

တောအလှတောသဘာဝတွေကို အနှစ် သာရအပြည့်အဝနဲ့သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့မနောကတော့ သီချင်းသစ်တွေ ဆက်လက်ဖန်တီးနေပြီး အများအားဖြင့် မြန်မာသံသီချင်းတွေကို လူကြိုက်နေကြတာဖြစ်ပါတယ်။သူဟာ နယ်ပရိသတ်တွေအခိုင်အမာရရှိထားပြီး ပွဲတိုင်းလိုလို မနောရဲ့သီချင်းတွေမပါရင် ပွဲမစည်တဲ့အထိကို အောင်မြင်မှုရရှိထားပါတယ်။ သူသီဆိုခဲ့တဲ့ သီချင်းတွေထဲက ငါက ဗိုလ်အောင်ဒင် ၊ မိချော ၊ ဓမ္မစကူးကျောင်းကို့ပို့ကြပါ၊ မင်းကိုလည်းချစ်တယ်မိန်းမကိုလည်းကြောက်တယ် စတဲ့ သီချင်းတွေဟာ ကလေးရော လူကြီး ပါးစပ်ဖျားမှရေးပန်စားတဲ့အထိ အောင်မြင်မှုအခိုင်အမာရရှိထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ တောအလှတောသဘာဝတွေကို အနှစ် သာရအပြည့်အဝနဲ့သီဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့မနောရဲ့ နိုင်ငံကျော်မင်းသမီးချော အိချောပိုနဲ့အတူရိုက်ကူးထားတဲ့ “လူပျို” ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: မနော Manaaw
DarDar-CeleGabar