မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်နေစဉ်ကတည်း ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း တန်ခွန်ကျော်ကတော့ မကြာခင် ပရိသတ်တွေကို သီချင်းသစ်လေးတစ်ပုဒ်ချပြတော့မှာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း နိုင်ငံကျော်တေးရေးတေးဆို ညီမင်းခိုင်က တန်ခွန်ကျော်အတွက် သီချင်းသစ်တစ်ပုဒ်ရေးစပ်ပေးခဲ့တဲ့အကြောင်းကို ပြောထားပါသေးတယ်။
မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးကတည်းက အောင်မြင်တဲ့အဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ တန်ခွန်ကျော် အသစ်ထွက်ရှိမယ့် သီချင်းလေးကို “အမျိုးတို့ရေ Audio အရင်နားထောင်ချင်လား Music Video နဲ့မှ နားထောင်မလား မနောက်ဘူးနော် ပြောတဲ့အတိုင်းလုပ်ပေးမှာပါဗျ #အားလုံးကိုချစ်လို့” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေအနေနဲ့ Audio နဲ့ Music Video ဘယ်လိုအရင်နားထောင်ချင်လဲဆိုတာကို မဲပေးဖို့ ပြောထားပါတယ်။သူကတာ့ မကြာခင်ထွက်ရှိလာမည့်သီချင်းသစ်လေးကို ပရိသတ်တွေနားထောင်ချင်သလို Audio ပဲဖြစ်ဖြစ် Music Video နဲ့ပဲဖြစ်ဖြစ် ပရိသတ်တွေတောင်းဆိုမှုများတဲ့အတိုင်း လုပ်ပေးမှာပါတဲ့။
CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း တန်ခွန်ကျော်ကတော့ မကြာခင်ထွက်ရှိလာမည့်သီချင်းသစ်လေးကိုAudio နဲ့ Music Video ဘယ်လိုအရင်နားထောင်ချင်ပါလဲတဲ့နော်။ ပရိသတ်ကြီးကတော့ တန်ခွန်ကျော်ရဲ့ သီချင်းသစ်လေးကို ဘယ်လိုပုံစံလေးနဲကအရင်နားထောင်ချင်လဲ။
Source: Tan Khun Kyaw
DarDar-CeleGabar