ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင်Covid-19 ကူးစက်ခံရပြီး ကွယ်လွန်

Posted on

ပရိသတ်ကြီးရေ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားကြတဲ့ လူဦးရေ ဟာတစ်နေ့ထက်တစ်နေ့များပြားလာခဲ့ပါပြီ ။ ဒီနေ့မှာတော့ လူငယ်ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ဖခင်ဟာ Covid-19 Positive နဲ့ကွယ်လွယ်သွားပြီဖြစ်ကြောင်း စိတ်မကောင်းဖွယ်ကြားသိရပါတယ် ပရိသတ်ကြီးရေ ..။

 

လွန်ခဲ့တဲ့ ၉ ရက်လောက်က အစာမကြေရင်ပြည့်ပြီး နူန်းတယ် ၊ လွန်ခဲ့တဲ့ ၈ ရက်က ဖျားတယ်စတဲ့လက္ခဏာတွေနဲ့ O2 ကျ‌လို့ နောက်နေ့ ‌ဂျပန်ဆေးရုံသွားပြခဲ့ပြီး ICU ထဲရောက်တယ်။ Swab Test လုပ်တယ်။ နောက်နေ့ Covid Positive ဆိုတဲ့အဖြေရခဲ့ပြီး အိမ်မှာစောင့်နေတဲ့ အမေ ကိုပါ Q ဝင်ဖို့ ခေါ်သွားတယ်လို့သိရပါတယ် ။ Covid ကုသ ဆေးရုံတွေရဲ့ နေရာအခက်အခဲကြောင့် ဂျပန်ဆေးရုံမှာ ၃ ရက်ထပ်နေခဲ့ပြီး မနေ့က ဖောင်ကြီးကိုခေါ်တယ် ဒီနေ့ ပဲမြန်ဆန်စွာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။

 

၂၀၁၂ က ညီလေး ဆုံးပြီးကတည်းက ဒီလို အဖြစ်ဆိုးမျိုး လုံးဝ မကြုံရပါစေနဲ့တော့လို့ ဘုရားမှာဆုတောင်းပေမယ့် မပြည့်ပါဘူး။ ဒီတခါ ကျန်တဲ့ မိသားစု အားလုံး တကွဲတပြားစီနဲ့ အဖေကို သွားတောင်တွေ့လို့မရတော့‌တာ တော်တော် ဆိုးပါတယ်။ ကိုယ်တိုင်အိမ်တွင်းအောင်းနေပေမယ့် အဖေအလုပ်သွားနေတာကိုမတားနိုင်ခဲ့တဲ့အတွက် ဒီစာဟာ ရေးချင်လို့ ရေးတာ ၊ သူများတွေ သင်ခန်းစာ ယူနိုင်အောင်နဲ့ ကျွန်တော့ ဘဝမှာ အမြဲ နောင်ကြဉ်အောင် ရေးတာပါ။ Lecture ရိုက်မယ့် ၊ အပြစ်တင်မယ့် comment တွေ မမြင်ချင်ပါ ကျွန်တော် ရူးချင်နေပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source : Htoo Paing Zaw Oo
Emily (Cele Gabar)