Yangon Zoo က တိရိစ္ဆာန်‌လေး‌တွေကို အစာသွားကျွေးခဲ့တဲ့ မိစန္ဒီနဲ့ နီနီခင်ဇော်

နိုင်ငံကျော်ဒိတ်ဒိတ်ကြဲအဆိုတော်တွေဖြစ်ကြတဲ့ မိစန္ဒီနဲ့ နီနီခင်ဇော်တို့ကတော့ အချစ်ဆုံးသူငယ်ချင်း BFF တွေဖြစ်ကြပြီး အမြဲလိုလို အလှူတွေအတူတူပြုလေ့ရှိပါတယ်။ လက်ရှိမှာတော့ Covid ကာလမှာ ပိတ်ထားရတဲ့ Yangon Zoo က တိရိစ္ဆာန်‌လေး‌တွေကို အစာသွားကျွေးခဲ့တဲ့အကြောင်းကို “မနေ့က Mi Sandi ရဲ့ BFF လေး Ni Ni နဲ့အတူ အလှူလေးတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါက Yangon Zoo မှာ တိရိစ္ဆာန်‌လေး‌တွေကို အစာသွားကျွေးခဲ့တာပါ။ ယခု Covid ကာလမှာ Yangon Zoo က ပိတ်ထားတယ်ပေါ့နော်။ ဒါပေမဲ့ Yangon Zoo မှာ သွား‌ရောက်လှူဒါန်းချင်ရင်တော့ Yangon Zoo ရဲ့ တာဝန်ရှိသူထံမှာ ကြို Booking ယူပြီး သွားရောက်လှူဒါန်းနိုင်ပါတယ်။ Booking ယူပြီးတာနဲ့ တာဝန်ရှိသူမှ ဝယ်ရမဲ့ပစ္စည်း စာရင်းကို ပေးပါတယ်။

၎င်းပစ္စည်း စာရင်းမှာ သက်မှတ်ထားတဲ့ အရေအတွက်အတိုင်း ရှာဝယ်ပါတယ်.. Mi Sandi နဲ့ Ni Ni တို့ ဝယ်ရမဲ့ စာရင်းထဲမှာ ပါတဲ့ အသီးအရွက်တွေကိုတော့ လှည်းကူး စိုက်ခင်းတစ်ခုကနေ မှာပါတယ်။ စာရင်းထဲမှာ ပါတဲ့ ဖရဲသီးက လွဲ၍ ပေါ့နော်။ ကျန်တဲ့ဟာတွေ အကုန်ရပါတယ်။ အသား၊ ငါး တွေကတော့ အပြင်ကနေ ဝယ်သွားလို့ မရတဲ့အတွက်ကြောင့် အသား၊ ငါး စားတဲ့ တိရိစ္ဆာန်လေး‌တွေအတွက် အလှူငွေပဲ ထည့်ခဲ့ပါတယ်။အကယ်၍ ပရိသတ်တွေထဲ သွားလှူချင်တဲ့ သူရှိရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ တနေရာရာကနေ ဝယ်ပြီး သွားလှူနိုင်ပါတယ်။ တပိုင်တနိုင်ကိုယ် အဆင်ပြေသလို ဝယ်လည်းရပါတယ် Mi Sandi တို့ 2:00 လောက် ရောက်ပါတယ်။ Yangon Zoo ထဲ ကျယ်ဝန်းတာကော၊ အစားအစာတွေ သယ်ဖို့ အတွက်ကိုပါ Yangon Zoo ထဲရှိ တာဝန်ရှိသူတို့မှ ကားများ စီစဉ်ပေးပါတယ်။ ပြီးတော့ Yangon Zoo ထဲက ဝန်ထမ်းတွေကလည်း အရမ်းဖော်ရွေကြပါတယ်။” လို့ အဆိုတော်မိစန္ဒီရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ မိစန္ဒီကတော့ အခုလို Covid ကာလမှာ ပိတ်ထားရတဲ့ Yangon Zoo က တိရိစ္ဆာန်‌လေး‌တွေကို အစာသွားကျွေးခဲ့တဲ့ လှူတဲ့ အလှူက Closet 834 မှာ ရောင်းချထားတဲ့ ပရိသတ်တွေ အားပေးတဲ့ ပိုက်ဆံတွေနဲ့ လှူတာဖြစ်လို့ Closet 834 ပရိသတ်တွေလည်း သာဓု ခေါ်နိုင်ကြပါစေတဲ့နော်။

Source: Mi Sandi
DarDar-CeleGabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x