ယုန်လေးရဲ့ Challenge ကိုလက်ခံပြီး ပတ်ဝန်းကျင်ကလူတွေကို ကူညီပေးခဲ့တဲ့ မြင့်မြတ် နဲ့ Jenny

Posted on

ပရိသတ်ကြီးရေ.. မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက ပြည်သူချစ်အနုပညာရှင်တချို့ငွေအား၊လူအားနဲ့ တက်ညီလက်ညီ ကူညီနေကြတာကို အခုအချိန်ထိတွေ့မြင်ရမှာပါနော်။ ကိုဗစ်ပထမလှိုင်းကတည်းက ချို့တဲ့သူတွေကို ဆက်တိုက်ကူညီပေးလာတဲ့ယုန်လေးကတော့ သူကိုယ်တိုင်လည်း ကူညီနေသလို မိတ်ဆွေအပေါင်းအသင်းတွေကိုပါ တတ်နိုင်သလောက် ကူညီပေးကြဖို့ Challenge ခေါ်ခဲ့ပါတယ်။

ဒီလိုအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်က ချို့တဲ့သူတွေအတွက် အကူအညီလေးရအောင် ပိုက်ဆံလှူပေးကြဖို့ Challenge ခေါ်ခဲ့ပြီး သူ့ရဲ့ Challenge ကို ပထမဆုံးလက်ခံခဲ့သူကတော့ မြင့်မြတ်ပါ။ မြင့်မြတ်တို့မိသားစုကတော့ မြောက်ဒဂုံမြို့နယ် သံဃာတော်အရှင်သူမြတ်များနဲ့ အခြေခံလူတန်းစားများအတွက် ထီလက်မှတ်များလှူဒါန်းပေးခဲ့သလို မနေ့ကတော့ Jenny က သူတို့သားအမိနှစ်ယောက်စလုံးလည်း ယုန်လေးရဲ့ Challenge ကိုလက်ခံကာ ပတ်ဝန်းကျင်မှာရှိတဲ့အခြေခံလူတန်းစားတွေကို ပိုက်ဆံနဲ့ထီလက်မှတ်တွေ လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။

အခုလိုကာလကြီးမှာ အစိုးရက ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း နေထိုင်ဖို့ကလည်း အရေးကြီးသလို တတ်နိုင်သူတွေအတွက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မပြေလည်သူတွေကို နိုင်သလောက် ကူညီပေးကြဖို့ကလည်း တကယ်ကိုလိုအပ်တာမို့ ယုန်လေးကတော့ Challenge တစ်ခုပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်တူကိုယ်တူသူငယ်ချင်းကောင်းတွေဖြစ်တဲ့ မြင့်မြတ်နဲ့ Jenny တို့ကပါ လိုက်လံလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။


Source – Yone Lay
Rainbow- Cele Gabar