ပရိသတ်ကြီးရေ မယ်လိုဒီကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို သူမရဲ့ သားလေးသိဒ္ဒိစစ် မွေးဖွားပြီးနောက် အရင်ကထက်ပိုပိုလှလာကာ ကလေးအမေလို့မထင်ရလောက်အောင်နုပျိုနေတဲ့မင်းသမီးတစ်လက်ပါ။ ကလေးအမေလို မထင်ရလောက်အောင် နုပျနေတဲ့ သူမရဲ့ အလှအပ ဆိုင်ရာလျှို့ဝှက်ချက်တွေကို ပရိသတ်တွေလည်း သိချင်နေကြမယ်ထင်ပါတယ်နော် ။
မယ်လိုဒီကတော့ ဘာသာရေး ကိုင်းရှိုင်းပြီး ဘုရားတရား အရမ်းလုပ်တဲ့အပြင် သားလေး သိဒ္ဓိစစ်ကိုလည်း လိမ္မာရေးခြားရှိအောင်သင်ကြားပေးနေတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မယ်လိုဒီတစ်ယောက် တရားထိုင်တာများလာလေ အသားအရေလှလာလေ ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ Effects မပါတဲ့ သူမရဲ့ ခြေထောက်ပုံလေးကို မိုင်ဒေးကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။
ဘယ်အရာမှမမြဲတဲ့ လောကကြီးမှာ အိုလာရင်လည်း တရားမှတ်ရင်း လှလှလေး နိဗ္ဗာန်သွားချင်မိတယ် လို့လည်း သူမရဲ့ ဆန္ဒလေးကို ရေးသားဖော်ပြထားပါသေးတယ် ။ မယ်လိုဒီ ဘာလို့အသားအရေလှပြီး နုပျိုလှပနေလည်း ဆိုတာကို သိချင်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် လျှို့ဝှက်ချက် လေးကိုပြောပြလိုက်ပြီးနော် ။
Source : Melody
Emily (Cele Gabar)