ကြော်ငြာခေါ်ရိုက်ပြီးဆန်ဆီဆေးနဲ့ အနုပညာကြေးပါကန်တော့ခဲ့တဲ့ ဖြူဖြူထွေးကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ ကောင်းကျော်

ပရိသတ်ကြီးရေ ကျောင်းကပွဲတစ်ခုကနေ တဆင့် အနုပညာလောကထဲရောက်လာပြီး ကြော်ငြာတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ ရိုးသားဖြူစင်တဲ့ ကောင်မလေးတစ်ယောက်ဆိုတာကို ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ သူရရှိတဲ့အနုပညာကြေးနဲ့လိုအပ်နေတဲ့ နေရာတွေအပြင် သက်ကြီးရွယ်အိုတွေ အနုပညာညီအစ်ကိုမောင်နှမတွေကို ပါ မကျန် မကြာခဏလှူဒါန်းကုသိုလ်ယူတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။

ဒီနေ့ ဇွန်လ (၂၇) ရက်နေ့မှာတော့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးကောင်းကျော်က” ကြော်ငာမင်းသမီးလေး ဖြူဖြူထွေးက ချက်ကြီး ဟဲဗီးဖြိုး မစုရှိုင်း တို့နဲ့အတူ HCH “ဘော” ကြော်ငြာ ခေါ်ရိုက်ပြီး ဆန်ဆီဆေး စားစရာများနဲ့ အတူ အနုပညာကြေးပါပူဇော်ကန်တော့ပေးခဲ့တဲ့ သမီးဖြူဖြူထွေးအား အထူးကျေးဇူးတင် မိပါကြောင်းနဲ့လှုဒါန်းမှုအတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ် သမီးလေး ရေ ဆိုတဲ့စာသားလေးနဲ့အတူ ဖြူဖြူထွေးရဲ့ အလှူလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဒီထက်မက လဲ အနုပညာမိသားစုမောင်နှမများကို အခုလို တစ်ဖက်တစ်လမ်းက ကျွဲကူးရေပါ ဆိုသလို မိမိတတ်နိုင်တဲ့ ဘက်ကနေပြီး ကူညီစောင့်ရှောက်မှုတွေ အမြဲထာဝရ ဆောင်ရွက်နိုင်ပါစေဆိုလို့လည်း ဖြူဖြူထွေးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ မွန်မြတ်တဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Source : U Kaung Kyaw
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x