Qဝင်ပြီးနောက်မှာ အမေနဲ့တောင်မတွေ့တော့ဘဲ အခန်းအောင်းနေခဲ့တဲ့ ရီရီပွင့်ဖြူ

Posted on

မကြာသေးမီက ချစ်သူ စိန်ဖြိုးလှိုင်တို့မိသားစုဝင်တွေ Q ဝင်ခဲ့ရပြီး Negative ပြတဲ့ တူ တူမလေးတွေကို ရီရီပွင့်ဖြူက တာဝန်ယူစောင့်ရှောက်ခဲ့တာဖြစ်ပါတယ် ။ သူမကိုယ်တိုင်လည်း Q ဝင်ခဲ့ပြီး Q ထွက်လာတဲ့နောက်မှာတော့ ဘယ်သူနဲ့မှ မတွေ့ဘဲ သီးခြားနေထိုင်ခဲ့တယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

 

တရားဝင်တစ်ပတ်တော့ လုံးဝအဝင်အထွက်မလုပ်ဘဲ ကိုယ့်အခန်းမှာပဲ သီးခြားနေဦးမှာဖြစ်ပြီး အမေနဲ့လည်းမတွေ့သေး ဘူး…တစ်ပတ်ပြည့်သွားလည်း ဘယ်မှမသွားပါဘူးလို့ ပရိသတ်တွေကို အသိပေးခဲ့တာပါ ။ ” စွယ်တော်အိမ်ရောက်ရောက်ချင်း အမေပို့ထားတဲ့ ပုဇွန်ထုတ်ဆီပြန်လေးနဲ့ မျှစ်ကြော်လေးကို စားလိုက်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး စိတ်လက်အကုန်ပေါ့ပါးပြီး နေလို့ကောင်းလိုက်တာဆိုတာ…ယူတို့လည်း အိမ်မှာပဲနေကြပါ ..အိမ်မှာနေရတာအကောင်းဆုံးပါပဲ” ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်ကြီးအားလုံးကို အိမ်မှာပဲနေကြဖို့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သတိပေးစကားဆိုခဲ့ပါသေးတယ် ။

 

တစ်ပတ်စာရိက္ခာကတော့ သူမချစ်သူ စိန်ဖြိုးလှိုင်တို့အိမ်ကရော သူမအမေအိမ်ကရော ပို့ပေးထားတာတွေ များနေလို့ ဝတုတ်မကြီးတော့ဖြစ်ပါပြီရှင်လို့လည်း အရွှန်းဖောက်ပြီး စနောက်ရေးသားထားပါသေးတယ်။ ရီရီကို စိတ်ပူနေကြတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ရီရီအဆင်ပြေပြေရှိနေတာမို့ စိတ်မပူကြပါနဲ့တော့နော် ။

Source :Yi Yi Pwint Phyu
Emily (Cele Gabar)