Covid Second Wave နဲ့တိုးပေမယ့် Joox မှာ No (3) နေရာရောက်ရှိခဲ့တဲ့ ဟဲလေးရဲ့ သီချင်းအသစ်

Posted on

90 kids ပရိသတ်တွေရဲ့အသည်းစွဲ အဆိုတော် ဟဲလေးကတော့ သီချင်းကောင်းတွေအများကြီး ပရိသတ်တွေအတွက် ဖန်တီးနေတဲ့အနုပညာရှင်တစ်ယောက်ပါ ။ သူရေးသားပေးခဲ့တဲ့အနုပညာရှင်အချို့ရဲ့ တေးသီချင်းတွေကလည်း ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်လေ့ရှိတာကြောင့် တေးရေးဆရာတစ်ယောက်အဖြစ်လည်း လူသိများတဲ့အနုပညာရှင် လို့ဆိုရမှာပါ ။

လတ်တလောမှာတော့ ဟဲလေးရဲ့ ပျော်အောင်ထားမယ် စိတ်ချပါ ဆိုတဲ့ တေးသီချင်းလေးဟာ Joox ရဲ့ နံပါတ် (၃) နေရာမှာ ရောက်ရှိလာခဲ့ပါတယ် ။ ကံကောင်းချင်တော့…သီချင်းလေးထပေါက် ပြီး ကံဆိုးချင်တော့..Second Waveနဲ့တိုး ထပ်ကံကောင်းချင်တော့..Social Chartsမှာ No.3 အထိချိတ်ပြန်ရောလို့ ဟဲလေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အရွှန်းဖောက်ရေးသားဖော်ပြခဲ့ပါတယ် ။ ဒါအပြင် No.1 ရတဲ့ချောကလက်ညီမလေးအိမ့်ချစ်နဲ့ Social Charts 1 to 10 ထဲကညီအကိုမောင်နှမတွေအားလုံးကိုလည်းဂုဏ်ယူပါတယ်ဗျာ..လို့ တခြားအနုပညာမောင်နှမတွေအတွက် ဂုဏ်ယူကြောင်း ရေးသားခဲ့ပါသေးတယ် ။

ဟဲလေးက သူ့ရဲ့ အမာခံဖန်တွေဖြစ်တဲ့ ချစ်မှည့်တွေအားလုံးကိုလည်းကျေးဇူး အကြိမ်ကြိမ်တင်ရကြောင်းနဲ့ ကျန်းမာရေးလည်းအထူးဂရုစိုက်ကြဖို့ သတိပေးခဲ့ပါသေးတယ် ။ ကိုကြီးထပ်သီးမယ်..မှည့်မယ်ဆိုပြီးမကြာခင် သီချင်းသစ်တွေနဲ့ ထပ်လာဦးမယ့် အကြောင်းလည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

Source : Naing Lin Aung
Emily (CeleGabar)