ဆေးရုံကလူနာတွေနဲ့ Volunteer တွေအတွက် ညီနန္ဒရဲ့ ထောပတ်ထမင်း ပွဲ (၂၀၀) လှူဒါန်းခဲ့တဲ့ စမိုင်းလ်

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုကတော့ Covid-19 အတွက် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းကူညီမှုတွေ အဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ် ။ မကြာသေးမီကလည်း Fortune Plaza WeloveYangon Happy COVID-19 Center ကုတင် ( ၆၀၀) မှာ အသုံးပြုဖို့ ကုတင် တစ်လုံးကို (၆ ) သောင်းနှုန်းနဲ့ တန်ဖိုး သိန်း (၆၀) ရှိ ကုတင် (၁၀၀) ကို လှူဒါန်း ကုသိုလ်ယူခဲ့ပါသေးတယ် ။

ဒါ့အပြင် အောက်တိုဘာလ (၂၂) ရက်နေ့မှာကျရောက်မယ့် ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့ အတွက် အောက်တိုဘာလ (၁)ရက်နေ့ကနေ (၂၂) ရက်နေ့ထိ တစ်ဦးကို တစ်သိန်းကျပ်နှုန်းနဲ့ ၂၂ ယောက်စာ (၂၂)သိန်းဖိုးကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ် ။ ဒီနေ့အောက်တိုဘာလ(၃) ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့အကြိုအလှူလေးအဖြစ် သရုပ်ဆောင် ညီနန္ဒ ရောင်းချနေတဲ့ ထောပတ်ထမင်း (၇)သိန်းဖိုးစား ပွဲ(၂၀၀) ကို ဆေးရုံရှိ လူနာများနဲ့ volunteer များအတွက် လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

 

Covid-19 အတွက် အဆက်မပြတ်လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ စမိုင်းလ်တို့ မိသားစု ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကိုလေးစား စရာပါပဲ ပရိသတ်ကြီးရေ ..။ လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေးနဲ့ သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Smile
Emily (Cele Gabar)