မင်းသွေးကွယ်လွန်ခြင်း (၂)ပြည့်အနေနဲ့ ချစ်သူကောင်မလေးက ရိုက်ကူးခဲ့တဲ့ Video လေး

ပရိသတ်ကြီးရေ ပရိသတ်ချစ်ရတဲ့ သရုပ်ဆောင် မင်းသွေးတစ်ယောက် ရုတ်တရက် ကွယ်လွန်သွားခဲ့အခုဆို (၂) ပြည့်ခဲ့ပြီ ဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးနဲ့ ချစ်ရတဲ့ မိသားစု ၊မောင်နှမ ၊ သူငယ်ချင်းတွေကို ထားသွားခဲ့တာ (၂) နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပြီး အားလုံးက လွမ်းဆွတ်သတိရကြောင်း စာလေးတွေ ကို လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ကြပါတယ် ။

ဒီနေ့ဟာ ကျွန်တော်တို့အားလုံးကို မင်းသွေးနှုတ်မဆက်ပဲထွက်သွားခဲ့တာ၂နှစ်ပြည့်ခဲ့ပါပြီ မတည်မြဲခြင်းဆိုတဲ့သင်္ခါရတရားကို သူလုပ်ခဲ့တဲ့အနုပညာနဲ့ပြသထားတဲ့ MV လေးကို မင်းသွေးရဲ့ပရိသတ်များအားလုံးအတွက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ မင်းသွေးအမှတ်တရ Video လေးကို နေတိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ထူးခြားတာကတော့ ဒီ Video လေးကို မင်းသွေးရဲ့ချစ်သူ ကောင်မလေး ကိုယ်တိုင် သရုပ်ဆောင်ထားပြီး မင်းသွေးရဲ့အုတ်ဂူလေးဆီကို သွားရောက်နှုတ်ဆက်ခဲ့တဲ့ ပုံစံလေးရိုက်ကူးထားတာပဲဖြစ်ပါတယ် ။

အတူရှိခဲ့တဲ့ ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ ဝမ်းနည်းမှုတွေနဲ့သွားရောက်နှုတ်ဆက်ရမယ့် သူမရဲ့ ပုံစံလေးကို နှိုင်းယှဉ်ရိုက်ကူးထားပြီး သူမတို့ချစ်သူဘဝက ပျော်စရာအမှတ်တရ ဗီဒီယိုလေးတွေကိုလည်း ပြန်လည်ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ် ။ ရှင်ကွဲကွဲတာဟာ တစ်နေရာရာ မှာပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ချက်ရှိသေးပေမယ့် သေကွဲကတော့ ဘယ်တော့မှ ပြန်မတွေ့ရတော့မယ့်လမ်းမို့ ကျန်ခဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို ဒီဗီဒီယိုလေးမှာအထင်းသားမြင်ရပြီး ကြည့်ရတဲ့ပရိသတ်တွေလည်း မျက်ရည်ကျစေမှာ အမှန်ပါပဲ ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် မင်းသွေးအမှတ်ရ ဗီဒီယိုလေးကို တဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Min Thway
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x